chapter 77

792 124 0
                                    


အခန်း (၇၇) : နတ်ဓားတောင် ရှုံးထွက် ပြိုင်ပွဲ

ရှီဂျွန်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေ၏ "ဝူကျီ....မင်း ငါ့ဘေးရောက်လာကတည်းက ငါ မအောင်မမြင် ဖြစ်နေတဲ့ ဝိညာဉ်လမ်းကြောင်းတည် ဆေးလုံးလဲ ဖော်စပ်နိုင်ခဲ့တယ် ဒီတစ်ကြိမ်လဲ မင်းကံကိုပဲ ယုံရမှာပဲ..... တကယ်လို့ ငါသာ ဆေးလုံး မဖော်စပ်နိုင်ရန် ငါတော့ သွားပြီပဲ....."

ရှီဂျွန်က မိုဝူကျီကို များစွာ ယုံကြည်ထားလေ၏။ ကျင့်ကြံခြင်းလောကတွင် ကံကောင်းမှုသည် မရေရာလှချေ။ တချို့သော လူများသည် တစ်ခြားလူများထက် အထက် ရောက်ခြင်းမှာ သူတို့တွင် ကံကောင်းမှု အကြီးကြီး ရှိ၍ ဖြစ်လေသည်။

သို့သော်လည်း မိုဝူကျီက ကံကောင်းမှု မည်သို့ ပါဝင်လာမှန်း မသိချေ။ သူလည်း အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ရှီဂျွန်ကို ကပ်ကာ ပြောလိုက်သည် "ဆေးလုံးသခင်ရှီ.... တကယ်တော့ ကျွန်တော့မှာ တခြားနည်းလမ်းတစ်ခုရှိတယ်...... အဲဒါကို ကံကောင်းမှု ထိတွေ့ခြင်းလို့ ခေါ်တယ်...... ကျွန်တော်တို့တွေ ရေတပုံးလောက် လိုမယ်.... ကျွန်တော်က ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင် ဆေးကြော သန့်စင်ပေးမယ် အဲဒါဆို ကံကောင်းမှုလဲ ကူးစက်သွားလိမ့်မယ်......စီနီယာရဲ့ အောင်မြင်နှုန်းလဲ ပုံမှန်ထပ် အနည်းဆုံး နှစ်ဆတိုးလာလိမ့်မယ်......."

"ရတယ်.... တစ်ယောက်ယောက်ကို ရေပုံးယူခိုင်းလိုက်မယ်....." ထိုသို့ဖြင့် ရှီဂျွန်က ဆေးပြင်းမီးဖို သယ်လာသည့် အစေခံကို တီးတိုးပြောလိုက်ကာ ခိုင်းလိုက်လေ၏။ တစ်မိနစ်ပင် မရှိသေးပေ ထိုအစေခံက ရေပုံးလေးနှင့် ပြန်ရောက်လာလေ၏။

"ဆေးလုံးသခင်ရှီ.... ဘာတွေများ လုပ်မလို့လဲ...." တစ်ယောက်က ချက်ချင်း မေးလိုက်လေသည်။

ရှီဂျွန်က အေးဆေးစွာ ပြန်ပြောလိုက်လေသည် "ငါရဲ့ အောင်မြင်နှုန်း တိုးတက်လာအောင် ဆေးပင်တွေကို ဆေးကြောဖို့ လုပ်နေတာလေ.... ဝူကျီ မကြာခင် ငါဆေးဖော်စပ်တော့မှာဆိုတော့ မင်းပဲ ဆေးလိုက်တော့......"

ရှီဂျွန်က မိုဝူကျီကို‌ ဆေးပင် ဆေးဖို့ ခေါ်သည်ကို မြင်သောအခါ ခန်းမအတွင်းမှ လူများသည် ရှီဂျွန်က အဘယ်ကြောင့် ထိုဆေးပင် သယ်ယူရေး ကောင်လေးကို အလိုရှိကြောင်း နားလည်သွားကြလေ၏။ ထို့အပြင် ထိုသည်က ဆေးပင်သယ်ယူရေး ကောင်လေး၏ တာဝန်ဖြစ်ကာ ဆေးလုံးဆရာ တာဝန် မဟုတ်ချေ။ တချိန်တည်းတွင် သူတို့သည် ဆေးပင်များကို ဆေးကြောရသည့် ကိစ္စကို မေးခွန်းမထုတ်ခဲ့ကြပေ။ ဆေးလုံးဆရာတိုင်းတွင် ကိုယ်ပိုင်နည်းလမ်းများ ရှိတတ်ကြပြီး ဘာမှ မမှားယွင်းနေချေ။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now