chapter 87

797 123 0
                                    


အခန်း (၈၇) : မိုလော့ချွီ၏ အမွှေအနှစ်

"ပန်းပု ရုပ်ထုသုံးခု ရှိနေတာလား...." ကျောက်နံရံရှေ့တွင် မလှုပ်မယှက် ရပ်နေသော ယန်ချင်ယင်ကို မြင်လိုက်၍  မိုဝူကျီက လျှောက်လှမ်းလာလိုက်သည်။ ကျောက်သား နံရံပေါ်တွင် ရေးထိုးထားသော ရုပ်တု သုံးခုကို တွေ့လိုက်ရလေ၏။

ထိုရုပ်ထု သုံးရုပ်ထဲတွင် နှစ်ခုက မျက်နှာချင်းဆိုလျက် ရှိနေပြီး နောက်တစ်ခုမှာ အနည်းငယ် ကွာဝေးကာ ဘေးသွင်ပြင်ကိုသာ မြင်တွေ့နိုင်လေသည်။

"မျက်နှာချင်းဆိုင် ရှိနေတဲ့ ရုပ်ထု နှစ်ခုရဲ့ အောက်ခြေကို မြင်လား ဒါနဲ့ ဝတ်ရုံရဲ့ အနားသတ်က နံရံထဲကို ထွင်းထုထားတာမလား....." ယန်ချင်ယင်က နားမလည်စွာ မေးလိုက်လေသည်။

မိုဝူကျီက ပန်းပုလက်ရာကို သေချာစစ်ဆေးကြည့်လိုက်ပြီး နောက်ကွယ်က အဓိပ္ပါယ်ကို သဘောပေါက်သွားလေ၏ "စီနီယာ အစ်မယန် ဒီပန်းပုရုပ် နှစ်ခုက ကျောက်ဝူဟန်နဲ့ မိုလော့ချွီကို ကိုယ်စားပြုတယ်လို့ ပြောချင်တာလား ပြီးတော့ မိုလော့ချွီရဲ့ ဝတ်ရုံအနားသတ်က မြေပြင်ပေါ် ပြဲပြီး ကျနေတာက သူတို့သွေးသောက်ညီအစ်ကို ဘဝကို စွန့်လွှတ်လိုက်တာကို ပြောချင်တာများလား....."

(မှတ်ချက်။    ။ ဝတ်ရုံအနား စုတ်ပြဲနေသည့်  တရုတ်စကားလုံးသည် အတိတ်က ရင်းနှီးမှု အားလုံးကို ဖြတ်တောက်လိုက်သည် ဟုလည်း အဓိပ္ပါယ် ရလေ၏။)

ယန်ချင်ယင် ခေါင်းညိတ်လိုက်ပြီး "အဲလို ဖြစ်လောက်တယ်.... ဘေးက အမျိုးသမီးက သူတို့နှစ်ယောက် အချင်းချင်း ဆန့်ကျင်သွားစေတဲ့သူ ဖူယန်ဖေးပဲ.... တကယ်လို့ ငါမမှားဘူးဆိုရင် ဒီပန်းပုတွေကို မိုလော့ချွီက ဒီနေရာ ထွက်ပြေးလာပြီးမှ ရေးထွင်းထားတာ ဖြစ်လောက်မယ်....."

ယန်ချင်ယင်က  ရုပ်တုတွေကို ခဏတာ ကြည့်လိုက်ပြီးနောက်တွင် သူမက ရုတ်တရက် အကြံပြုလိုက်လေ၏ "ဂျူနီယာ မောင်လေးမို... မင်းက သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ တည်ထောင်သူကို မုန်းတီးနေတာမလား သူ့ကို မုန်းနေမှတော့ ဘာလို့ ဒီရုပ်တုကို မဖျက်စီးပစ်တာလဲ....."

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now