chapter 161

587 103 0
                                    


အခန်း (၁၆၁) : ခေတ်တစ်ခု  မိတ်ဆက်ပေးခြင်း

သူက ကုသဆေးလုံးများစွာကို ပြင်ဆင်သွားသော်လည်း  မိုဝူကျီ ခန္ဓာပေါ်မှ ဒဏ်ရာများက တိုးပွားလာလေ၏။ တစ်ချိန်တည်းတွင် သူ့ချီသွေးကြော အရေအတွက်လည်း တစ်ခုပြီး တစ်ခု ပွင့်လာလေ၏။

၇၈ ခုမြောက် ....

သူ့၇၈ ခုမြောက် ချီသွေးကြော ဖွင့်ပြီးသောအခါ လျှပ်စီးအားများစွာက သူ့ပေါ် ကျရောက်လာလေသည်။ သူ့စိုးရိမ်စိတ်ထဲတွင် မိုဝူကျီက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို လက်လျော့လိုက်ပြီး ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး ပညာရပ်ကို စမ်းကြည့်လိုက်သည်။

ချီသွေးကြော တစ်ခုဖွင့်ပြီးနောက်တွင် သူက နာရီဝက် အနားယူလိုက်သည်။ သို့သော် လျှပ်စီးများစွာက သူ့အား ရိုက်ခတ်သောအခါ ဒဏ်ရာပေါ် ဒဏ်ရာ ဖြစ်မလာပေဘူးလား ....

အင်မော်တယ် မော်တယ် ကျင့်စဉ်က သူ့အား လျှပ်စီးများကို သူ့ချီသွေးကြောဆီ ရောက်အောင် လမ်းညွန်ပြပေးနိုင်သော်လည်း  သူ့အား လျှပ်စီးမှ မကာကွယ်ပေးနိုင်ချေ။ ဒဏ်ရာများမှလည်း နည်းပါးအောင် လုပ်မပေးနိုင်ချေ။  ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး ပညာရပ်သည် ကြံရာမရ လုပ်မိလုပ်ရာ လုပ်မိသော အပြုအမူတစ်ခုသာ ဖြစ်၏။

"ဘမ်းဘမ်း...." လျှပ်စီးအားများက မိုဝူကျီပေါ် ထပ်မံ ကျရောက်လာပြန်သည်။ အံ့ဩဖို့ ကောင်းသည်က ထိုလျှပ်စီးအားများက သူ့အား ထိခိုက်မှုများစွာ မဖြစ်စေပေ။ လျှပ်စီးများက ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး ပထမပုံစံမှ စုပ်ယူခံလိုက်ရပြီး ပျက်ပျယ်သွားလေ၏။

တစ်နာရီက ပြည့်သွားလေပြီ။ လျှပ်စီးအခန်းက လျှပ်စီးများ မထုတ်လွင့်တော့သောကြောင့် တိတ်ဆိတ်သွားလေသည်။

မိုဝူကျီက ယခင်က အနားယူသည့်အတိုင်း ချက်ချင်း မနားခဲ့ပေ။ ထို့အစား သူက သူ့လက်ဖဝါးကို အံ့ဩတကြီး ကြည့်မိလိုက်သည်။ ဤဝေဟင်လျှပ်စီး ဟန်ပန်ခုနှစ်မျိုး ပညာရပ်သည် လျှပ်စီးအားများမှ လျှပ်စီးဓာတ်ကို စုပ်ယူနိုင်ကြောင်း မသိခဲ့ပေ။ သူ့ချီသွေးကြောများကို ဖွင့်ဖို့ရန် လမ်းညွန်ပေးသည်နှင့် လုံးဝကွဲပြားလေ၏။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now