chapter 86

797 117 0
                                    


အခန်း (၈၆) : ဓားကျိုး တစ်ချောင်း

လျိုတစ်လျောက်တွင် ဟိန်းဟောက်သံ စူးစူး ပြန့်နှံ့လာပြီး အသက်ဓာတ်စုပ် သားရဲသည် ယန်ချင်ယင် လက်ထဲတွင် ကြောင်ပေါက်လေး အလား တိုးဝှေ့နေလေ၏။ သူမက ငြိမ်ငြိမ်လေး ထိုင်ချလိုက်ပြီး မိုဝူကျီကို  ချိနှဲ့လှစွာ ပြောလိုက်သည် "ကျန်တဲ့ မူလအသက် ဆေးလုံးကို မြန်မြန် ပေးတော့....."

သူ့လက်ထဲတွင် ဆေးငါးလုံးပေါ်လာပြီး ယန်ချင်ယင်ကို လှမ်းပေးလိုက်လေ၏။ မိုဝူကျီက သူ့အတွက် သူ ဆေးနှစ်လုံး သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။ သူက မူလအသက် ဆေးလုံးကို နောက်ထပ် ဖော်စပ်နိုင်သော်ငြား  သီးခြား ဝိညာဉ်ဆေးပင် တစ်မျိုးဖြစ်သည့် အနွေးမြက်  ပါဝင်နေ၏။ ထိုကဲ့သို့သော ဆေးပင်သည် ဈေးကြီးရုံသာမက အလွယ်တကူလည်း မရရှိနိုင်ပေ။ သူဖော်စပ်ခဲ့သလောက် မူလအသက် ဆေးလုံးများတွင် လိုအပ်သော အနွေးမြက် ပမာဏကို ယန်ချင်ယင်က ထုတ်ပေးခဲ့ခြင်း ဖြစ်လေသည်။ ယခု သူမက အသက်ဓာတ်စုပ် သားရဲကို ထိန်းချုပ်ပြီးပြီ ဖြစ်၍ သူ့အတွက် ရရှိရန် ခက်ခဲသွားပေလိမ့်မည်။ ထို့အပြင် သူမ၏ လက်ရှိ အခြေအနေဖြင့် ဆေးလုံး သုံးလုံး သုံးစွဲရန်သာ လိုအပ်ကာ ငါးလုံးယူလိုက်ခြင်းက နှစ်လုံးကို အလကား ဟပ်သပ် ဖြစ်စေလိမ့်မည်။

သို့ရာတွင် ယန်ချင်ယင်က ဆေးငါးလုံးကို လောဘတကြီး အရင် သောက်သုံးလိုက်လေသည်။ ထို့နောက်မှာတော့ သားရဲကို သူမ နောက်ကျောမှ အိတ်ထဲ မထည့်ခင် ကြိုးဖြင့် ချည်နှောင်လိုက်လေသည်။ ထို့နောက်တွင် သူမက မိုဝူကျီကို ပြောလိုက်လေ၏ "ငါ ဆေးအားလုံး သောက်လိုက်တာ ဖြုန်းတီးနေသလို ဖြစ်နေပေမဲ့လည်း မင်းအတွက် မင်း ချန်ထားရင်လည်း အသုံးဝင်မှာ မဟုတ်ဘူး..... ဒီလိုဆေးတွေက မကြာခင် အာနိသင် ပြယ်သွားလိမ့်မယ်....."

ထိုအရာကို မိုဝူကျီက အပြုံးလေးဖြင့်သာ တုံ့ပြန်လိုက်ကာ စကားတစ်ခွန်းမျှ ပြန်မပြောလိုက်ပေ။ သူက မူလအသက် ဆေးလုံးကို သိမ်းထားသည်မှာ သောက်သုံးရန် အတွက် မဟုတ်ပေ။ သုတေသန လုပ်ကြည့်ရန် ရည်ရွယ်၍သာ ဖြစ်၏။ အဆင့်နှစ် လူသားအဆင့် ဆေးလုံး ဖြစ်သည့် မူလအသက် ဆေးလုံးကို အဆင့်ခုနှစ် ကောင်းကင် အဆင့် ဆေးလုံးဖြစ်သည့် မူလအသက် ဆေးလုံးနှင့် အာနိသင် ကြာရှည်မှုကို နှိုင်းယှဉ်ကြည့်ရန် ဖြစ်လေ၏။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now