chapter 75

825 127 0
                                    


အခန်း (၇၅) : ဆေးလုံးသခင်ရှီ၏ ကြောက်စိတ်

"အများကြီး တွေးမနေနဲ့..." ဖေးပင်းကျူက မိုဝူကျီ ပခုံးကို ပုတ်ကာ ခန်းမအတွင်းက ဆွေးနွေးနေသည့် လူအုပ်ဆီ ညွှန်ပြလိုက်ပြီး "အဲလူတွေတောင် အခွင့်အရေးနဲ့ အလှမ်းကြီးကွ..... နတ်ဓားတောင် ဖွင့်တာက သူတို့နဲ့ ဘာမှကို မပတ်သတ်ဘူး..... ဒီတစ်ကြိမ် ဆေးလုံးဆရာတွေပဲ ဝင်ခွင့်ပြုမှာတဲ့ ငါတို့ရဲ့‌ ဆေးလုံးဆရာတွေတော့ အကျိုးမြတ်များများ ရတာပေါ့..... ဆေးလုံးသခင်ရှီက လမ်းကြောင်းတည်ဆေးလုံးကို ဖော်ဖို့ ဘာလို့ အသည်းအသန် ကြိုးစားနေတာလဲ သိလား လမ်းကြောင်းတည် ဆေးလုံးက အဆင့်သုံး ဆေးလုံးလေ.... အဲဒါကို အောင်အောင် မြင်မြင် ဖော်စပ်နိုင်တာနဲ့ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာလိမ့်မယ်.....နတ်ဓားတောင် ဖွင့်တဲ့အချိန်ကျ အဆင့်သုံး ဆေးလုံးဆရာတွေကိုပဲ ဝင်ခွင့်ရှိတာကွ......"

နောက်ဆုံးတွင် မိုဝူကျီက ရှီဂျွန် အသည်းအသန် ကြိုးစားနေသည့် ကိစ္စနှင့် အောင်မြင်သည့်အခါ ဘဝင်ခိုက်နေသော ကိစ္စကို နားလည်သွားလေပြီ။ ကြည့်ရသည်မှာ ထိုလူက နတ်ဓားတောင်သို့ ဝင်ခွင့်ရသွားလောက်လေပြီ။

ငါ မိုဝူကျီက သူ့ကို ကိစ္စအကြီးကြီး ကူညီပေးခဲ့တာပဲ.....

"မင်းကို ပြောရဦးမယ်..... အဆင့်သုံး ဆေးလုံးဆရာ တစ်ယောက်ချင်းစီက ဆေးပင် သယ်ယူရေး ကောင်လေး တစ်ယောက်ဆီကို ခေါ်ခွင့်ရှိတယ်တဲ့...... အခု ဆေးလုံးသခင်ရှီက မင်း စမ်းသပ်ခန်းမှာ အောင်မြင်သွားတာဆိုတော့ သူခေါ်သွားမဲ့ ကံကောင်းတဲ့သူ ဘယ်သူများ ဖြစ်မလဲ..... "ဖေးပင်းကျုက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။ အမှန်တကယ်တော့ သူက မိုဝူကျီ အရွေးခံရလိမ့်မည်ဟု တွေးမထားခဲ့ပေ။ ထို့အပြင် မိုဝူကျီက သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းတွင် လူသစ်ဖြစ်ကာ အဆင့်သုံး ဆေးလုံးဆရာ၏ ကြိုက်နှစ်သက်ခြင်း မခံရလောက်သေးချေ။

မိုဝူကျီက နောင်တ အနည်းငယ် ရမိလေ၏။ အကယ်၍ ရှီဂျွန်သာ သူ့အား နတ်ဓားတောင်သို့ ဝင်ရန် အခွင့်အရေး ပေးခဲ့ပါက သူသည် ရှီဂျွန်ကို သေချာပေါက် ငြင်းပယ်လိမ့်မည် မဟုတ်ချေ။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now