chapter 74

876 107 0
                                    


အခန်း (၇၄) : ဒြပ်ငါးမျိုး ကင်းမဲ့နယ်

"ဒါက ကိစ္စသေးသေးလေးပါ.... ညီလေးမို မင်းလွတ်လွတ်လပ်လပ် သွားပါ..... မင်းအတွက် စီစဉ်ပေးထားမယ်.... ပြီးတော့ ရှုန်းရှုကျူနဲ့ ထောင်အောင်းတို့ နေဖို့ပါ ဆောက်ပေးထားမယ်...." ဝူခိုင်းက အာမခံ လိုက်လေသည်။

မိုဝူကျီက သူ့အား ထိုမျှသေးငယ်သော ကိစ္စအတွက် စွမ်းအားဖြည့် ဆေးခြောက်လုံး ပေးခဲ့သည်။ ထို့ကြောင့် သူသည် ထောင်အောင်းတို့အတွက် နေစရာ ဆောက်ပေးမည့်အကြာင်း ပြောလိုက်ခြင်း ဖြစ်လေ၏။

ဘေးမှ ရပ်နေသည့် ရှုန်းရှူကျူက နောက်ဆုံးတွင် တုံ့ပြန်လာလေသည်။ သူမက မိုဝူကျီမှ အလုပ်ပေးထားကြောင်း နားလည်၏။ နောက်ဆုံးတွင် သူမ၌ မျှော်လင့်ချက် အချို့ ရှာတွေ့လာလေပြီ။ အကယ်၍ ထို့ကြောင့်သာ မဟုတ်ပါက ထောင်အောင်းနှင့် သူမသည် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

လူသားများ၏ မြို့နေဘဝနှင့် ခြားနားလှစွာ သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းတွင် အလုပ်ရုံများနှင့် မြို့များသည် ကျင့်ကြံသူများအတွက် စီမံထားလေသည်။ တချို့သော မကျင့်ကြံနိုင်သော သေမျိုးလူသားတချို့ ရှိနေသော်ငြား သူတို့ကြားတွင် လူမှုပတ်ဝန်းကျင် ဖွဲ့စည်းထားကြ၏။ သို့သော်လည်း ရှုန်းရှုကျူကဲ့သို့ သေမျိုးလူသားအနေနှင့် ထောင်အောင်းကို ပြုစုစောင့်ရှောက်ရဦးမည် ဖြစ်သည့်အပြင် အာဏာလည်း မရှိသည့်အတွက် ထိုလူမှုစက်ဝိုင်းအတွင်းသို့ မဝင်ရောက်နိုင်ချေ၊

အကယ်၍ သူမက သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းမှ ထွက်သွားပြီး အနီးဆုံးသေမျိုး မြို့တစ်ခုသို့ သွားလိုလျှင် သူမသည် မိုင်ပေါင်းသောင်းချီ၍ သွားရလိမ့်မည်။ ပို၍ အရေးကြီးသည်က ထိုမိုင်သောင်းချီ ဧကသည် ကျတ်တီးမြေများဖြစ်ကာ လူသူမရှိကြချေ။ သူမကဲ့သို့ သေမျိုး အနေနှင့် မဖြစ်နိုင်သော အရာဖြစ်လေသည်။

"ကျွန်မတို့ကို ကယ်တင်ပေးလို့ ဒီက ကျေးဇူးရှင်ကို ကျေးဇူးတင်ပါတယ်ရှင့်....." ရှုန်းရှုကျူသည်  မိုဝူကျီက သူမကို ဘာလုပ်ချင်ပါစေ ဂရုမစိုက်ပေ။ သူမတွင် အလုပ်ရှိသရွေ့ လုံလောက်လေချေပြီ။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now