chapter 136

620 100 2
                                    


အခန်း (၁၃၆) : ရန်သူနှင့် တွေ့ဆုံမှု

စိုရွှဲနေသည့် မိုဝူကျီက ရေကန်ပေါ် တက်လာပြီး ပေါလော ပေါ်နေသည့် ပန်းတစ်ဝက်လောက် ပျောက်ဆုံးသွားကြောင်း တွေ့လိုက်ရသည်။ ထိုအရာများကို ပေါင်းပင်ခူးသည့်အလား သိုလှောင်အိတ်ထဲသို့ ကောက်ထည့်လိုက်တော့သည်။

မြန်မြန်သွားဖို့ လိုအပ်နေလေပြီ။ ဤနေရာကား ကြာကြာနေလို့ မကောင်းချေ။

မိုဝူကျီက တဖန် အရူးတစ်ယောက်ကဲ့သို့ ထပ်ပြေးပြန်သည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်စဉ်မှ စ၍ သူသည် ဆက်တိုက် ပြေးလွှားနေခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူက သုံးရက် သုံးည မရပ်မနား ပြေးခဲ့ရသည်။ ရပ်လိုက်ရသည့် အကြောင်းမှာ သူ ဆက်မပြေးချင်၍ မဟုတ်ဘဲ ဆက်မပြေးနိုင်၍ ဖြစ်သည်။ ထိုရက်တွေအတွင်း စွမ်းအားဖြည့်ဆေးလုံးများကို မည်မျှ စားသုံးပြီးမှန်း မသိတော့ပေ။

အသက်ဝအောင် ရှုလိုက်ပြီး အဆာခံဆေးလုံးကို မျိုချလိုက်သည်။ ထို့နောက်တွင် မိုဝူကျီက  ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်သည်။

ရှေ့တွင် မညီမညာသော တောင်ကုန်းတချို့ ရှိသည်။ ထိုတောင်ကုန်းများက အဆုံးမရှိ ဆက်စပ်နေဟန် ဖြစ်ကာ မြင်ကွင်းဆုံးတစ်လျှောက် တည်ရှိနေသည်။ သူ့လက်ဝဲဘက်တွင်  သဲကန္တရ တစ်ခု ရှိနေကာ  တစ်စစီ ယိုယွင်းပျက်စီးနေသော ကျောက်ရုပ်ထု  တချို့ နှင့် အံ့အားမှင်သက်ဖွယ် တိုင်လုံးများလည်း ရှိနေသည်။ ညာဘက်တွင် စိမ့်မြေ ရှိနေပြီး စိမ့်တောအလယ်မှ ရေပူဖောင်းလေများ တခါတရံ ထွက်ပေါ်လာကာ တခြားသက်ရှိများ မရှိပေ။ 

မိုဝူကျီက သဲကန္တာရရှိ စွန့်ပစ်ထားသော အဆောက်အဦးပေါ်တွင် အရိပ်ရှိနေသည်ကို မြင်လိုက်ရသည်။  ထိုအဆောက်အဦးများသည် နှစ်များစွာ ကြာလွန်းနေ၍ မည်မျှသက်တမ်းရှိမှန်း မပြောနိုင်ကြပေ။ သူတို့၏ ပုံကြမ်းသာ တည်ရှိနေဆဲ ဖြစ်သည်။

မိုဝူကျီက သဲကန္တာရထဲ ဝင်သွားလိုက်ပြီး အနေတောလောက် ကျယ်ဝန်းသော နေရာကို တွေ့သောအခါ တွင်းတူးလိုက်တော့သည်။ ထို့နောက်တွင် တွင်းထဲ ဝင်လိုက်ပြီး သူ့မောပန်းနွမ်းလျှမှုများကို ဖြေလျော့လိုက်တော့သည်။ သုံးရက် သုံးညဆက်တိုက် မရပ်မနား မမောနိုင်မပန်းနိုင် ပြေးလာခဲ့ရသည်။ ထို့အပြင် သူက ရေကန်ထဲတွင် ရွံများကိုလည်း ရုန်းခဲ့ရသေးကာ သူတစ်ကိုယ်လုံးကား ညစ်ပတ်နေပြီး ရွှံ့များဖြင့် ပေတူးနေသည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now