chapter 123

705 113 2
                                    


အခန်း (၁၂၃) : မှင်သက်မိသော ဒုတိယအဆင့် ပြိုင်ပွဲ

မိုဝူကျီလက်က လုံးဝပြန်ကောင်းလုနီးပါး ဖြစ်နေလေပြီ။ ထိုစဉ် သူက နောက်ထပ် ခက်ခဲသော ဆေးပင်ကို သန့်စင်ရမည့် အရေးကို တွေးကာ အလွန်အမင်း စိုးရိမ်နေမိသည်။ ထိုသို့ ဖြစ်နိုင်ချေက အလွန်နည်းပါးသော်လည်း အကယ်၍ ထိုသို့ ဖြစ်လာပါက သူကား ချက်ချင်းပင် ပြုတ်သွားလိမ့်မည်။

ပတ်ဝန်းကျင်ကား လုံးဝတိတ်ဆိတ်နေကာ ဆေးလုံးသခင်မင်နင် အသံသာ ကြားနေရသည် "ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ချင်ကြတဲ့ လူတွေကြားမှာ ၉၀ ရာခိုင်နှုန်းလောက်က စစ်မှန်ခြင်း နတ်ဘုရားပန်းကို ရှာချင်ကြလို့ဆိုတာ ယုံကြည်တယ်  အဲဒီပန်းက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် မြေကမ္ဘာနယ်ပယ် အဆင့်ရှိ ကျင့်ကြံသူတွေအတွက် ကောင်းကင် နယ်ပယ်ရဲ့ စစ်မှန်ခြင်း နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်တယ် အဲဒါကြောင့် တကယ့်ကို ပြိုင်ဖက်ကင်း ရတနာ တမျိုးပဲ  "

ဆေးလုံးသခင်မင်နင်က စစ်မှန်ခြင်း နတ်ဘုရားပန်းအကြောင်း ပြောသည်ကို ကြား၍ မိုဝူကျီက ချက်ချင်းပင် အသက်ရှုနှုန်းထိန်းကာ ဂရုစိုက်၍ နားထောင်လိုက်သည်။ ထိုပန်းအကြောင်းကို သူသိပ်မသိသေးပေ။ သူက ဖွားဖွားလင်းလောင်ကို ပေးရန် အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို မရှာနိုင်လျှင်ပင် စစ်မှန်ခြင်း နတ်ဘုရားပန်းကို ရှာနိုင်သေး၏။ သူမက သူ့ကို ကူညီဖို့ ရွေးချယ်ကောင်း ရွေးချယ်နိုင်ပါရဲ့...

"စစ်မှန်ခြင်း နတ်ဘုရားပန်း အရွယ်ရောက်လာဖို့ နှစ်တစ်သိန်း လိုအပ်တယ်  အရွယ်ရောက်ဖို့ အကြာဆုံး ဝိညာဉ်ဆေးပင်လို့ ပြောလို့ရတယ်  တချို့လူတွေက မေးချင်နေလိမ့်မယ်  နှစ်တစ်သိန်းကျော်နေတဲ့ ဝိညာဉ်ဆေးပင်တွေ အမြောက်အမြားရှိတယ် ပြီးတော့ အဲထဲက ဆေးပင်အချို့ဆို အဆင့်လေး ဒါမှမဟုတ် အဆင့်ငါးတွေ ဖြစ်တာတောင် စစ်မှန်ခြင်း နတ်ဘုရားပန်းက အရွယ်ရောက်ဖို့ သက်တမ်းအကြာဆုံး ဘာလို့ ဖြစ်နေရတာလဲ..."

ဆေးလုံးသခင်မင်နင်၏ စကားများက မိုဝူကျီကို အမှန်ပင် ဘဝင်ခိုက်စေသည်။ သူက သူမ မေးခွန်းကို မည်သို့ ပြန်ဖြေရမှန်း အမှန်ပင် မသိပေ။ ထို့အပြင် နှစ်တစ်သိန်း ထင်းရှုးသားသည် အဆင့်လေး ဆေးပင် ဖြစ်နေကြောင်း တွေးမိလိုက်သောအခါ စစ်မှန်ခြင်း နတ်ဘုရားပန်းကို မည်သည်က ထိုမျှ အံ့ဩဖို့ ကောင်းအောင် ပြုလုပ်ထားသနည်း...

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now