chapter 67

832 136 0
                                    


အခန်း (၆၇) : ဂိုဏ်းသို့ ဝင်ရောက်ခြင်း

"သူမက ဘယ်သူလဲ....." ချင်ရှုန်းယုက မိုဝူကျီကျောပေါ်က ယန်အာကို သတိပြုမိလိုက်ကာ မေးလိုက်လေ၏။ မိုဝူကျီကို နှုတ်ဆက်ပြီးသည့်နောက်တွက် သူမက ယန်အာကြောင်း မေးကြည့်လိုက်သည်။

မိုဝူကျီက ပြန်ဖြေလိုက်၏ "သူမက ငါရဲ့ မိသားစုဝင်ပါ... သူမ အခြေအနေက တော်တော်ဆိုးနေတယ် အဲကြောင့် ငါနဲ့အတူတူ ခေါ်လာခဲ့လိုက်တာ...."

ချင်ရှုန်းယုက ချက်ချင်း ပြန်ပြောလိုက်၏ "ရပါတယ်... အစေခံ တပည့်အများစုက သူတို့မိသားစုကိုပါ ခေါ်လာလေ့ရှိတယ်.... အချိန်တစ်ခုကြာပြီးသွားရင် မိသားစုဝင်တွေလဲ အစေခံတပည့် အဖြစ် ဝင်လို့ရတယ်....."

နှစ်ယောက်သား စကားပြောရင်း ဝန်းထဲသို့ လျှောက်လှမ်းလာကြသည်။

"ဂိုဏ်းတူညီမလေးချင်....."

"ဂိုဏ်းတူအစ်မချင်...."

........

........

မိုဝူကျီက ချင်ရှုန်းယုနောက်မှ လိုက်လာရင်း လမ်းတလျှောက်ရှိ များစွာသော လူများက သူမကို  နှုတ်ဆက်ကြ၏။ ကြည့်ရသည်မှာ ချင်ရှန်ုးယုကား ဤနေရာတွင် နာမည်ကြီးကာ ကောင်းကောင်းဆက်ဆံခံရပုံပေါ်၏။

ချင်ရှန်ုးယု နာမည်ကြီးသည့်အချက်ကား သူမ၏ လှပသောပုံပန်း သဏ္ဍာန်အပြင် သူ့မောင်လးကြောင့်လဲ ပါနိုင်သည်ဟု မိုဝူကျီက မှန်းဆလိုက်မိ၏။ သူသည် သေချာပေါက် အဆင့်နိမ့်ထဲမှ မဟုတ်ပေ။

"မင်း မောင်လေးရော ဒီမှာပဲလား... ငါ သူ့ကို ကျေးဇူးတင်သင့်တယ်လို့ ထင်တယ်... " မိုဝူကျီက မေးလိုက်လေသည်။ သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းသို့ ဝင်နိုင်ခြင်းမှာ ချင်ချန်းကြောင့် ဖြစ်၏။ အကယ်၍ ချင်ချန်းသာ ဤနေရာတွင် ရှိပါက သူ့ကို ကျေးဇူးတင်ချင်သည်။

"သူက သွားပြီ..... အဖြစ်အပျက် အကြီးကြီး ဖြစ်လာတော့မယ်လို့  ကြားလိုက်တယ်.... အဲကြောင့် သူပိုပြီး ကျင့်ကြံဖို့ လိုအပ်တယ်ဆိုပြီး ပြောသွားတယ်....." ချင်ရှန်းယုက ရှင်းပြလိုက်လေသည်။

မကြာခင်တွင် နှစ်ယောက်သား အခန်းတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။ မိုဝူကျီက "အစေခံတပည့် မှတ်သားရေးဌာန" ဟု ရေးထွင်းထားသော ဆိုင်းဘုတ်ကို တွေ့သည်။ ထိုသည်က အစေခံဖြစ်ခြင်း အတွက် မှတ်ပုံတင်ရမည့် နေရာ ဖြစ်လောက်၏။

လူသားသစ်စာ (Zawgyi version) (1 - 200)Όπου ζουν οι ιστορίες. Ανακάλυψε τώρα