chapter 23

1.2K 163 0
                                    


အခန်း (၂၃)  :  ဒါဆို ရှင်က မိုဝူကျီလား


တင်းဘူအာ၏ မျက်နှာသည် ချက်ချင်းပင် ရိုသေလေးစားခြင်းတွေ တဖွားဖွားပေါ်ပေါက်လာပြီး

"ဒါပေါ့.... အဲဒီသူက မြို့စားကြီး သမီး ဟန်နင်လေ.... သူမက ချင်ယွီပြည်နယ်တစ်ခုလုံးမှာတောင် ဂျီးနီးယပ်တစ်ယောက်လို့ ယူဆလို့ရတယ်.....သူမဝိညာဉ်ကြော အရည်အသွေးက အရမ်းကောင်းတယ်..... လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မြို့စားကြီးက သူ့သမီးကို မြို့တော် ချန်လောင်ဆီ ခေါ်ပြီး စိတ်ဝိညာဉ်ဖွင့်ပေးခဲ့တာ.... ချက်ချင်း ဝိညာဉ်လမ်းကြောင်း ခုနှစ်ခုထိ ဖွင့်နိုင်ခဲ့တာ...... အခု မမလေးက လမ်းကြောင်းဖွင့်ခြင်း အဆင့်ငါးရောက်နေပြီး လမ်းကြောင်းနှစ်ဆယ်ကျော် ဖွင့်ပြီးသွားပြီ....... နွေဦးနတ်ဘုရားဂိတ် ညီလာခံအတွက်သာ မဟုတ်ရင် မမလေးက အရင်သုံးနှစ်ထဲက ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ပြီးနေလောက်ပြီ...."

မိုဝူကျီသည် ဝိညာဉ်လမ်းကြောင်းကို အရင်ကကြားဖူး၍ စိတ်ဝိညာဉ်နိုးထတုန်း လမ်းကြောင်းများများ ဖွင့်နိုင်လေ ပို၍ အလားလာ ကောင်းလေဖြစ်၏။ အရည်အသွေးမြင့်သည့် ဝိညာဉ်ကြောသည် စိတ်ဝိညာဉ်နိုးထစဉ် လမ်းကြောင်းများများ ဖွင့်နိုင်စေသည်။ သို့သော် မိုဝူကျီတွင် သေမျိုးဝိညာဉ်ကြောသာ ရှိပြီး ဝိညာဉ်ကြောမပါရှိချေ။ အရင်က သူစိတ်ဝိညာဉ်ဖွင့်ရန် ကြိုးစားဖူးသော်လည်း လမ်းကြောင်းတစ်ခုမျှ မဖွင့်နိုင်ပေ။

"ဘာလို့ မမလေးက နွေဦးနတ်ဘုရားဂိတ် ညီလာခံကို စောင့်နေတာလဲ......အရင်သုံးနှစ်တည်းက ဂိုဏ်းကို ဝင်လိုက်တာ မမလေးအတွက် ပိုမကောင်းဘူးလား......" မိုဝူကျီသည် သဘောမပေါက်စွာ မေးလိုက်သည်။

သူ့အမြင်မှဆိုလျှင် ဂိုဏ်းမှာကျင့်ကြံခြင်းနှင့် အိမ်တွင် ကျင့်ကြံခြင်းများ၏ ခြားနားချက်သည် သိသာနေသည် မဟုတ်လော...... အကယ်၍ ဟန်နင်သည် ဂိုဏ်းကို ဝင်ခဲ့မယ်ဆိုလျှင် သူမ၏ ကျင့်ကြံခြင်းအဆင့်သည် လက်ရှိ စိတ်ဝိညာဉ်ဖွင့်ခြင်း အဆင့်ငါးထက် ပိုမြင့်မားနေလောက်၏။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now