chapter 65

823 122 0
                                    


အခန်း (၆၅) : စကားလုံးမဲ့ ဆေးလုံးဖော်စပ်နည်း

ရှန်းလျဲ့က ယန်အာရဲ့ ကုတင်အစွန်းသို့ လျှောက်လာပြီး ထိုင်ခုံပေါ် ထိုင်လိုက်သည်။ ခြောက်သွေ့ပြီး ခပ်ကျဲကျဲ ဝါညှစ်ညှစ် ဆံသားတွေနှင့် အရိုးသာသာ ရှိသော ခန္ဓာကိုယ်၊ သူမ၏ ချစ်စရာကောင်းသော မျက်နှာပေါ်ရှိ မျက်တောင်ရှည်ရှည်တွေကို  ရှန်းလျဲ့က ကြည့်နေရင်း မေးခွန်းများစွာ ပေါ်လာလေသည်။ ဤမိန်းကလေးက အခက်အခဲများ မည်မျှပင် ခံစားဖြတ်သန်းခဲ့ရသနည်း..... သူမက အမှန်တကယ် ဤမျှ တောင့်ခံခဲ့ရသည်လား...... ပြီးတော့ သူမနှင့် မိုဝူကျီ၏ ဆက်ဆံရေးကား မည်သို့ ဖြစ်မည်နည်း........သူ့ကို ထိုမျှအထိ စိတ်ပူစေနိုင်တာလား......

ရှန်းလျဲ့က မျက်လုံးမှိတ်ထားကာ ယန်အာ၏ လက်ကောက်ဝတ်ပေါ်သို့ စမ်းကြည့်လိုက်သည်။ ဆယ်စက္ကန့်အကြာတွင် သူမ မျက်လုံးက ဒေါသရိပ်များဖြင့် ပြန်ပွင့်လာလေသည်။ သူမ လက်များပင် ဒေါသကြောင့် တဆတ်ဆတ် တုန်ခါနေလေ၏။

"ဘယ်လိုလဲဟင်......" မိုဝူကျီက ထိတ်ထိတ်ပျာပျာ မေးလိုက်သည်။ ယန်အာသည် ရှန်းလျဲ့အတွက် အစိမ်းသပ်သပ်ဖြစ်နေကာ ထိုအခြေအနေက  သူ့အား အနည်းငယ် ချောက်ချားစေ၏။

ရှန်းလျဲ့က လက်ကို ပြန်ဖြေလိုက်ပြီး သက်ပြင်းချကာ ပြောပြလိုက်သည် "သူမမှာ အရမ်းကောင်းတဲ့ ဝိညာဉ်ကြောရှိတာလား......" မိုဝူကျီက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်၏ "ဟုတ်တယ်...ယန်အာမှာ အသာလွန်ဆုံးအဆင့် သစ်သားဝိညာဉ်ကြောရှိတယ်...."

ထိုထူးဆန်းလှသည့် အစိမ်းရောင်အလင်းကား သစ်သားဓာတ်ကို ကိုယ်စားပြုခြင်း ဖြစ်၏။ နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံတွင် အချိန်အကြာကြီး နေခဲ့ရသည့်အတွက် မိုဝူကျီပင် ဝိညာဉ်ကြော စမ်းသပ်မှုများအတွက် တော်တော်လေး နားလည်နေလေပြီ။

ရှန်းလျဲ့ မျက်နှာတွင် စာနာသနားသည့် အရိပ်အယောင်ပေါ်လာပြီး မိုဝူကျီကို ကြည့်ကာ ပြောလိုက်လေ၏ "ကျင့်ကြံခြင်း ကမ္ဘာမှာ တချို့သုံးတဲ့ ဝိညာဉ်ကြော ကူးပြောင်းခြင်းဆိုတဲ့ အလွန်စက်ဆုပ်ဖွယ် နည်းလမ်းရှိတယ်...... အဲဒီလူတွေက တခြားသူရဲ့ ပိုကောင်းတဲ့ ဝိညာဉ်ကြောကို သူတို့ ခန္ဓာထဲ ကူးပြောင်းပြီး သူတို့ရဲ့ အရည်အချင်းတွေကို တိုးပွားအောင် လုပ်ကြတယ်...." ရှန်းလျဲ့စကားမဆုံးခင်ပင် မိုဝူကျီ၏ အမူအယာကား ပြောင်းလဲသွားကာ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ရှန်းလျဲ့ကို အလန့်တကြား ကြည့်ကာ ပြောလိုက်သည် "ဆိုလိုချင်တာက ယန်အာက....."

လူသားသစ်စာ (Zawgyi version) (1 - 200)Dove le storie prendono vita. Scoprilo ora