chapter 147

581 99 0
                                    


အခန်း (၁၄၇) : လင်ဇီးအတွက် တိုက်ပွဲ

"ဆေးလုံးဆရာမို ကျုပ် ခန္ဓာဖွဲ့စည်းမြက်သုံးပင်ကို ဒီမှာ ထားခဲ့မယ်..." မိုဝူကျီက ဆေးပင်များကို ငေးကြည့်နေသည်ကို မြင်၍ ယွီကျီက ကျောက်စိမ်းသေတ္တာ သုံးလုံးကိုထုတ်ယူပြီး ပြောလိုက်သည်။

မိုဝူကျီက မြေကြီးပေါ်ရှိ ဆေးပင်များကို ကြည့်လိုက်ပြီး ယွီကျီကို ပြောလိုက်သည် "အစ်ကိုယွီ ဒီဆေးပင်တွေနဲ့ဆိုရင်တောင် ကျူပ်တို့မှာ အခြားဆေးပင်တွေ နည်းနည်းလိုနေသေးတယ်.... ဒါပေမဲ့ အဲဒါတွေက အပြင်မှာရနိုင်တယ် ဝယ်ဖို့က မခက်ခဲလောက်ဘူး...."

အမှန်တရားကား မိုဝူကျီက ဆေးပင်တချို့ကို မြင်လိုက်ရသည့်အတွက် စိတ်လှုပ်ရှားသွားလေ၏။ အထူးသဖြင့် ကောင်းကင်ဂျင်ဆင်းနှင့် နှစ်တစ်သောင်း လုံယန်မြက်တို့ ဖြစ်သည်။ ထိုအရာများကား သူအမှန်တကယ် လိုအပ်နေသော အရာများ ဖြစ်၏။ ကောင်းကင်ဂျင်ဆင်းနှင့် ရွေဝါရောင် ဂျင်ဆင်းတွင် တူညီသည့် သဘော သဘာဝရှိပြီး ဂျင်ဆင်းမျိုးနွယ်ထဲတွင် ပါဝင်ပေသည်။ သို့သော်လည်း ကွာခြားချက်က ကောင်းကင်ဂျင်ဆင်းသည် အဆင့်လေး ဆေးပင် ဖြစ်၏။ ရွေဝါရောင်ဂျင်ဆင်း နေရာတွင် အစားထိုးလိုက်လျှင် သူ့ဆေးအာနိသင်ကား ဆယ်ဆမက တိုးတက်သွားစေလိမ့်မည်။

ထိုအရာများသည် ဝိညာဉ်လမ်းကြောင်းဖွင့် ဆေးဖော်စပ်ဖို့ရာ လိုအပ်သည့် ထိပ်တန်းဆေးပင်များ ဖြစ်နေသည်။ သူတို့သည် သူ့ရှေ့တွင် ရှိနေသေး၏။ နှစ်တစ်သိန်း ထင်းရှုးနှင့် ခရမ်းကြာပန်းမြစ် ရှိနေပြီး သူ့တွင် လိုအပ်နေသည့် တစ်ခုတည်းသော အရာက လင်ဇီးသာ ဖြစ်၏။

သန့်စင်မှု မြင့်သည့် မီးကျောက်အတွက် နှမြောဖို့ ကောင်းသည်က သူတွေ့လိုက်သော်လည်း အခြားသူများထက် အရင်ယူဖို့ရာ အခွင့်အရေး မရှိခဲ့ပေ။ သန့်စင်မှု မြင့်သည့် မီးကျောက်မရှိလျှင်ပင် သူ့တွင် ပို၍ အံ့အားသင့်ဖွယ်‌ ကောင်းသည့် မီးကျောက်တုံး ရှိနေသေး၏။ မြေကမ္ဘာမီးချိုင့်မှ ရရှိလာသည့် မီးကျောက်တုံးကား သာမာန်မီးကျောက်များထက် သေချာပေါက် ပိုကောင်းလိမ့်မည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now