chapter 91

875 117 0
                                    


အခန်း (၉၁) : ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်

သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းတွင် အပြင်စည်း တပည့် ဖြစ်သော ချောက်ဝမ်ဘင်း၏ နေထိုင်ရာ နေရာကား ဖရိုဖရဲ ဖြစ်နေလေ၏။ ချိုးဖျက်စီး၍ ရသော အရာတိုင်းမှာ ပျက်စီးလျက် ရှိနေလေသည်။ ပေါင်မုန့်တစ်လုံးကဲ့သို့ ဖောင်းကား ယောင်ကိုင်းနေသော ချောက်ဝမ်ဘင်းမျက်နှာတွင် အမုန်းတရားများနှင့် အလိုမကျမှုများ ကြီးစိုနေလေသည်။

"သခင်လေး တကယ်ပဲ အားလုံး ပြန်ပေးတော့မှာလား...." ချောက်ဝမ်ဘင်းဘေးတွင် ဝတ်ရုံရှည်နှင့် လူလတ် အမျိုးသား တစ်ယောက် ရှိလေ၏။ ချောက်ဝမ်ဘင်း သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းသို့ ဝင်လာစဉ်က ချောက်အိမ်တော်မှ ချောက်ဝမ်ဘင်း၏ နောက်လိုက်အနေနှင့် ထည့်ပေးလိုက်ခြင်း ဖြစ်သည်။

ချောက်ဝမ်ဘင်းက အံ့ကို ကြိတ်လိုက်ပြီး "ငါက ဘာလုပ်နိုင်ဦးမှာလဲ ဦးလေးချန်းရှင်းက မီးတောက် အထွတ်အထိပ် ဓားတောင်မှာလေကွာ တကယ်လို့ အရေးကြီးတာ မဟုတ်ရင် သူ့ကို တွေ့ဖို့တောင် ခက်တဲ့ဟာကို ကူညီခိုင်းဖို့ဆိုတာ ဝေးလာဝေးပဲ...."

လူလတ်အမျိုးသားက အသံတိုးကာ ပြောလိုက်လေသည် "သခင်လေး ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ် သခင်လေးက အဲဒီ သံမဏိ တိုင်လုံးကို မရိုးဘူးလို့ ထင်တယ်မလား အဲဆို ဘာလို့ သခင် ချန်းရှင်းကို မပေးလိုက်တာလဲ ပြီးတော့ အဲဒီအစေခံ လာရှာတဲ့အခါကျ သခင်ကြီးဆီ ညွှန်လိုက်ရုံပဲ အဲအတိုင်းဆို သူ ဆက်လိုချင်နေသေးတယ်ဆိုရင် သေချင်နေတာနဲ့ အတူတူပဲ...."

ချောက်ဝမ်ဘင်း မျက်လုံးများ အရောင်လက်လာပြီး ထိုတောက်ပမှုများက ခေါင်းကို ခါရင်း ပြန်၍ မှေးမှိန်သွားလေ၏ "ငါ့ ဦးလေးရဲ့ အဆင့်အတန်းကိုရော နားလည်ရဲ့လား တခြားသူလက်နဲ့ သွားမထိခိုက်တာ အကောင်းဆုံးပဲ ပြီးတော့ မိုဝူကျီက အညှာတာ ကင်းမဲ့တယ် တကယ်လို့ ငါတို့သာ သူတို့ သံမဏိတိုင်လုံးကို အချိန်မှီ ပြန်မပေးရင် ဒေါသထွက်လာပြီး ထပ်ရန်လာရှာမလား မသိဘူး.... ဒီအကြံက အရမ်း အန္တရာယ်များလွန်းပါတယ်ကွ...."

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now