chapter 39

968 143 0
                                    


အခန်း (၃၉) :  လိုက်ပါမှု


"အိုဗျာ... အစ်ကိုယွန်နဲ့ ဒေါ်လေးဆယ့်တစ်တို့လဲ ဒီမှာရှိတာပဲ... ကျွန်တော် သူ့ကို မသတ်ခဲ့ပါဘူး.... ဒီအတိုင်း ခဏမေ့အောင် လုပ်လိုက်ရုံလေးပါ.....ဒါနဲ့ သူက ကျွန်တော် အဒေါ် မိုရှင်းထောင်တဲ့.... သူက ဒေါ်လေးမိတ်ဆွေ ကျင်းလင်းပေးတဲ့..... သူတို့ကို လွတ်မြောက်ဖို့ ကူညီဖို့ အဆင့်သင့်ဖြစ်အောင် ပြင်နေတာပါဗျာ....." မိုဝူကျီသည် ဘာမှလျို့ဝှက်မထားချေ။

ယွန်ကျန်းရီသည် သက်ပြင်းချလိုက်ပြီး "အဲဆိုတော်သေးတာပေါ့.....မင်း သူ့ကို မသတ်သရွေ့ အဆင်ပြေတယ်.... လာ.... မင်းကို ကူညီပေးမယ်...."

မိုဝူကျီသည် မပြောခင် အနည်းငယ် တွေဝေသွားလေ၏ "တကယ်တမ်း ကျွန်တော်တို့ မသွားခင် လုပ်ချင်တာ တစ်ခုရှိသေးတယ်.... ကျွန်တော့် ဒေါ်လေးကို ရောင်းတဲ့ ကျွန်ကုန်ကူးသူကို သတ်ပစ်ချင်တယ်......"

မိုရှင်းထောင်သည် ရုတ်တရက် ဝင်ပြောလိုက်သည် "ဝူကျီ..... ငါ့ကို ရှင်းထောင်လို့ပဲ ခေါ်ပါ..... ငါက နင့်ထက်လဲ ငယ်တာကို အဲလိုခေါ်တော့ အဆင်သိပ်မပြေဘူး....."

တကယ်တမ်း မိုဝူကျီသည် မိုရှင်းထောင်ကို ဒေါ်လေးဟု ခေါ်ရခြင်းအပေါ် အဆင်မပြေလှချေ။ ထို့အပြင် သူသည်လည်း မိုရှင်းဟယ် မဟုတ်ဘဲ မိုဝူကျီသာ ဖြစ်လေ၏။

ယွန်ကျန်းရီသည် ရယ်မောလိုက်ပြီး "ပြောဖို့ တွန့်ဆုတ်မနေပါနဲ့ကွာ.... ငါတို့ မင်းကို ကူညီမှာပါ.... နည်းနည်း ခက်ပေမဲ့လည်း ဒေါ်လေးဆယ့်တစ်နဲ့ ငါက သူ့ကိုသတ်ဖို့ ကူညီမှာပါကွာ.... ဒါပေမဲ့ အဲဒီစီးပွားရေး သမားတွေကို အထင်မသေးနဲ့ကွ....တချို့က ငါတို့ထက် အင်အားကြီးတဲ့ အစောင့်တွေတောင် ဌားနိုင်ကြတာ....."

"ငါလဲ လိုက်မယ်...." တင်းဘူအာသည်လည်း အလောတကြီး ဝင်ပြောလိုက်လေသည်။

မိုဝူကျီသည် လက်ပြတားကာ တင်းဘူအာ အား ရပ်လိုက်သည် "ဘူအာ.... မင်းက ဒီမှာ‌ နေဖို့ လိုတယ်.... အနည်းဆုံးတော့ ငါတို့ တစ်ခုခု ဖြစ်ခဲ့ရင် တစ်ယောက်ယောက်က ဒီကိစ္စကို သိနေရမယ်လေ.....ဒေါ်လေးဆယ့်တစ်လဲ ကျေးဇူးပြုပြီး နေခဲ့ပါနော်.... လူအများကြီးက ပိုရှုပ်ထွေးစေတယ်....."

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now