chapter 114

666 113 0
                                    


အခန်း (၁၁၄) : အမှောင်ထဲမှ အလင်းတန်းလေး

ကျန်းရှောက်ခယ်က လျှင်မြန်စွာ ရှင်းပြလိုက်တော့သည် "အဲဒါအပြင် ကျွန်တော့မှာ တောင်းဆိုစရာ တစ်ခု ရှိတယ်  ဆေးလုံးသခင်မို ဒြပ်ငါးမျိုး ကင်းမဲ့နယ်ရဲ့ ဆေးလုံးပြိုင်ပွဲကို ကြားဖူးလားတော့ မသိဘူး ကျွန်တောက အစ်ကိုရဲ့ အရည်အချင်းတွေကို အသိမှတ်ပြုတယ် အဲဒါကြောင့် ကျွန်တော်တို့ လမင်းကိုးစင်း ဆေးလုံးအိမ်တော် ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်ဖို့ရာ ဖိတ်ခေါ်ချင်တယ် ..."

မိုဝူကျီ စိတ်ထဲတွင် ပျော်ရွှင်မှုများ လွမ်းခြုံလာလေသည်။ သူက သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းနှင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ် သွားခွင့် ပျောက်ဆုံးသွားသောကြောင့် အနာဂတ် အစီအစဉ် ပြန်၍ မချသေးခင် ထိုသို့ ဘယ်လိုနည်းနှင့် ဖြစ်ဖြစ် သွားရန် စိတ်ကူးထားလေ၏။ စွန်ဖျားမြို့တွင် အမှောင်ထဲက အလင်းတန်းတစ်ခုကို တွေ့လိမ့်မည်ဟု မည်သူ သိမည်နည်း။ သူ့အား ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံး ပြိုင်ပွဲကို ဖိတ်ကြားမည့်သူ ရှိနေလေပြီ။

မိုဝူကျီက စိတ်အေးအေး ထားလိုက်ပြီးတော့ ကျန်းရှောက်ခယ်ကို လေးလေးစားစား ပြန်ဖြေလိုက်သည် "ကျွန်တော်လဲ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲကို စိတ်ဝင်စားပါတယ် ဒါပေမဲ့ ကျွန်တောက သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းမှာ ဧည့်ဆေးလုံးဆရာ အဖြစ် ကြာကြာ လုပ်ခဲ့ဖူးတယ် ပြီးတော့ သူတို့ရဲ့ ဒုတိယအကြီးအကဲကို မကြာသေးခင်က စိတ်အနှောင့်ယှက်ပေးမိခဲ့တယ်  ဒုတိယအကြီးအကဲက ကျွန်တော့်ခေါင်းကို ယူဖို့ ရောက်လာမှာ အသေချာပဲ အဲဒါကြောင့် စွန်ဖျားမြို့ကို ထွက်ပြေးလာခဲ့တာပါ...တကယ်လို့ သခင်လေးကျန်းသာ ကျွန်တော်ကို ဒုတိယအကြီးအကဲဆီက ကာကွယ်ပေးမယ်ဆိုရင် လမင်းကိုးစင်း ဆေးလုံးအိမ်တော်ကို ကိုယ်စားပြုဖို့ ဆန္ဒရှိပါတယ် မဟုတ်ရင်တော့ ကျွန်တော် စွန်ဖျားမြို့က ချက်ချင်း ထွက်သွားတော့မယ်..."

မိုဝူကျီက ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။ သူက အရင်အခြေအနေများအားလုံးကို ဝန်ခံလိုက်တော့သည်။ သူက ကျန်းရှောက်ခယ်ကို နောက်ဆုံးအခြေအနေမှ ကပ်၍ မပြောချင်ပေ။ ထိုသို့ဆိုလျှင် ကျန်းရှောက်ခယ်က မပြင်ဆင်ထားသည့်အတွက် ကျရှုံး- ကျရှုံး အခြေအနေ ဖြစ်သွားလိမ့်မည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now