chapter 178

567 99 0
                                    


အခန်း (၁၇၈) : ဂုဏ်မယူနိင်ချေ

"ကျွန်တော်က နောက်သွားရမဲ့ နေရာကို မဆုံးဖြတ်ရသေးခင် ဂိုဏ်းကို ပြန်မလို့ပါ ...." မိုဝူကျီက သူ့ရည်ရွယ်ချက်သည် ယန်အာဆီ တိတ်တခိုး သွားတွေ့ဖို့ရန် ဖြစ်သောကြောင့် ဖြေလိုက်သည်။ ထို့နောက်တွင် သူက ကောင်းကင်ဖွေရှာနန်းတော်မှ ထွက်သွားမည် ဖြစ်၏။

ရန်ထျန်းရှင်းက ချက်ချင်း ပြောလိုက်သည် "ညီလေးမို ငါက ထိပ်တန်းမီးကျောက်တွေရှိတဲ့ နေရာကောင်းတစ်ခု တွေ့ထားတယ် ... အဲဒါကြောင့်မို့ ရှောက်ကွမ်ကျင်းက ငါ့ကို နှုတ်ပိတ် သတ်ချင်တာပဲ။ ညီလေးမိုနဲ့ငါ တို့ ဂိုဏ်းမပြန်ခင် အတူတူ သွားရအောင်လေ ..."

မိုဝူကျီက ခေါင်းခါလိုက်ပြီး "လက်ရှိအနေအထားနဲ့ဆိုရင် ကျွန်တော့ စွမ်းဆောင်ရည်က အတော်လေး နိမ့်နေသေးတယ်။ အဲဒါကြောင့် ဂိုဏ်းကို ခိုးပြီး ပြန်ရမှာဗျ... ကျွန်တော် ပြန်ရောက်တာနဲ့ လုပ်စရာရှိတာ လုပ်ပြီးရင် ထွက်သွားဦးမှာ ... အဲဒါကြောင့်မို့ ကျွန်တော်က ထိပ်တန်း မြေကမ္ဘာအဆင့် မီးတောက်တွေကို ရှာနိင်မဲ့ စိတ်အခြေအနေ မဟုတ်သေးဘူးဗျ .... "

မိုဝူကျီက ဤမီးတောက်သည် မည်မျှ အဖိုးတန်မှန်း သိသည်။ မဟုတ်လျှင် ရှောက်ကွမ်ကျင်းက ထိုအတွက်ဖြင့် လူသတ်ဖို့ရာ ကြိုးစားမည် မဟုတ်ပေ။ သို့သော်လည်း မိုဝူကျီက ထိုသို့ စိတ်အခြေအနေ မဟုတ်ရာ။ သူ့အင်အားများ တိုးတက်လာခြင်းအပေါ် လုံးဝ အာရုံစိုက်မထားခင် ယန်အာဆီ သွားတွေ့ချင်သေး၏။

ရန်ထျန်းရှင်းက ခေါင်းညိတ်ပြကာ "ညီလေးမို ပြောတာမှန်တယ် .. ငါတို့နှစ်ယောက်လုံးက အင်အားမကြီးသေးဘူး ... ငါလည်း ဂိုဏ်းကနေ ထွက်လာတာ တစ်နှစ် ပြည့်တော့မှာ ... ငါတို့အတူတူ ဂိုဏ်းကို ပြန်ကြတာပေါ့ ..."

သူက ပြောပြီးသည်နှင့် ရန်ထျန်းရှင်းက တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် "ညီလေးမို .. ဒါနဲ့ ဂိုဏ်းကို ဘာလို့ ခိုးပြန်ရမှာလဲ ..."

ရန်ထျန်းရှင်းက သူ့ယုံကြည်မှုကို အလွဲသုံးစားလုပ်မည့်သူနှင့် မတူပေ။ အကယ်၍ သူက ထိုလူစားမျိုး ဖြစ်နေလျှင် သူက မြေကမ္ဘာမီးကျောက်များ၏ တည်နေရာကို ဝေမျှပေးမည် မဟုတ်ပေ။ ထို့ကြောင့် မိုဝူကျီက အမှန်တိုင်း ပြောရန် ဆုံးဖြတ်လိုက်တော့သည် "ကောင်းကင်ဖွေရှာနန်းတော်ရဲ့ တစ်ယောက်ယောက်က ကျွန်တော့်ကို သေစေချင်နေတာ၊ ပြီးတော့ ကျွန်တော်လို အပြင်စည်းတပည့်က သိသိသာသာ ပြန်လာရင် ကျွန်တော်ကို သတ်နိုင်ခြေက မြင့်သွားမှာပေါ့ ... "

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now