chapter 35

926 147 0
                                    


အခန်း (၃၅) : အမျိုးသမီးကျွန်


လူအုပ်ကြီး လျော့နည်းလာသည်နှင့်အမျှ တင်းဘူအာက သက်ပြင်းချကာ မိုဝူကျီကို ပြောလိုက်၏ " ဟူး.... နောက်ဆုံးတော့ မမလေးက နှစ်လွှာမီးမြက်အသည်းအသန် လိုချင်နေတဲ့ အကြောင်းရင်းကို နားလည်သွားပြီ... သူမလဲ ဒါကို အသုံးချပြီး အင်မော်တယ်ကို လက်ဆောင်ပေးဖို့ ရည်ရွယ်ထားတာ နေမှာ..... မင်းသာ ကိုယ့်အတွက်ကို သိမ်းထားခဲ့ရင် အနည်းဆုံးတော့ ဂိုဏ်းကြီးတစ်ခုမှာ အစေခံ တပည့်သားအနေနဲ့ အခွင့်အရေး ရချင်ရမှာ......."

မိုဝူကျီသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး တီးတိုး ပြောလိုက်လေသည် "ငါ့အတွက် ငါသိမ်းထားပါတယ်....ဒါပေမဲ့ နှစ်လွှာမီးမြက်က ကြည်လင်စက္ခုအသီးနဲ့ ယှဉ်လို့ မရဘူးကွ..... တကယ်လို့  ဒီလို အဆင့်နိမ့် ဝိညာဉ်ဆေးပင်နဲ့သာ အစေခံတပည့်သားလုပ်နိုင်ရင်  အစေခံတပည့်တွေ အများကြီး ဖြစ်နေမှာပေါ့ကွာ......"

တင်းဘူအာသည် ခေါင်းညိတ်လိုက်ပြီး

"ဒါလဲ ဟုတ်သား...."

"ငါက နံပါတ် ၁၇ ကို လိုချင်တယ်.... ရွှေပြား နှစ်ဆယ် ပေးမယ်...."

"နံပါတ် ၁၇ .... ရွှေပြား ၂၃ ပြား....."

ကျယ်လောင်သော လေလံဆွဲသံသည် မိုဝူကျီနားထဲ ရောက်ရှိလာ၏။ သူသည်သိချင်စိတ်ဖြင့် လှမ်းကြည့်ကာ မေးလိုက်လေသည် "လေလံပွဲ ရှိတာလား.....ဘာတွေ ရောင်းချနေကြပါ့လိမ့်...."

တင်းဘူအာသည် ပြန်ဖြေလိုက်၏

"အဲလိုတွေ မြင်ဖူးတယ်.... တကယ်တမ်းကျ သူတို့တွေက အမျိုးသမီးကျွန်တွေ ရောင်းချနေကြတာ.....ရောင်းချခံရတဲ့ အမျိုးသမီးတိုင်းက အရင်တစ်ယောက်ထက် ပိုပိုလှပလာကြပြီး အားလုံးက အပျိုလေးတွေလို့ ကြားဖူးတယ်...... ဒီအဖွဲ့အစည်းက နွေဦးနတ်ဘုရားဂိတ် ညီလာခံကို လာတက်ရောက်တဲ့ ပါရမီရှင်တွေဆီ  ရောင်းချတတ်ကြတယ်....."

မိုဝူကျီသည် နားမလည်စွာ ထပ်မေးလိုက်သည် "တက်ရောက်သူတိုင်းက နောက်လိုက်‌ လေးယောက်ပဲ ခေါ်လို့ ရတာ မဟုတ်ဘူးလား..... သူတို့က အမျိုးသမီးကျွန်တွေကို သင်္ဘောပေါ် ဘယ်လို ခေါ်မလဲ......"

လူသားသစ်စာ (Zawgyi version) (1 - 200)Kde žijí příběhy. Začni objevovat