chapter 180

556 98 0
                                    


အခန်း (၁၈၀) : အမြဲတမ်း ငါက မင်းရဲ့ အစ်ကိုကြီးပါ

"အာ.." အမြွာတစ်ယောက်က ထစ်ထစ်ငေါ့ငေါ့ဖြင့် အားနာစွာ ပြောလိုက်သည် "ယန်အာက အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေတာဆိုတော့ ကျွန်မ အချိန်မှီ မလုပ်နိုင်ခဲ့ဘူး။"

မိုဝူကျီ မျက်နှာထားက အေးစက်လာလေ၏။ ထိုသည်က အကြောင်းပြချက် တစ်ခုမှန်း သိသာသည်။ ဖွားဖွားလင်းလောင်က သူ့ကို လိမ်ညာလိမ့်မည်ဟု ထင်မထားပေ။ သူက ယန်အာဆီ လာတွေ့ဖို အချိန်နှင့်အခွင့်အရေး မရှိသော်လည်း ဖွားဖွားလင်းလောင်က သူ့အကြောင်း  ပြောပြသင့်၏။

"ယန်အာ ငါက မိုဝူကျီလေ .. တကယ် မမှတ်မိတော့ဘူးလား .." ဤတစ်ကြိမ်တွင် မိုဝူကျီက သူမနောက် မလိုက်တော့ဘဲ အော်ခေါ်လိုက်လေသည်။

အားလုံး၏ အကြည့်များက မိုဝူကျီဆီ ရောက်လာကြသည်၊။ မိုဝူကျီက ဂိုဏ်းကထွက်သွားတာ တစ်နှစ်နီးပါး ရှိ၍ ဂိုဏ်းအတွင်းမှ ယန်အာ အနေအထားကို မသိပေ။ သို့သော် ကောင်းကင်ဖွေရှာနန်းတော် တစ်ခုလုံး သိကြသည်။

သူမသည် ကောင်းကင်ဖွေရှာနန်းတော်၏ တစ်ယောက်တည်းသော ဆင့်ကဲ ထူးခြား သဘာဝ ဝိညာဉ်ကြော ရှိသူ ဖြစ်ကာ ကျင့်ကြံနှုန်း အမြန်ဆုံးနှင့် တပည့် ဖြစ်သည်။ တစ်နှစ်အတွင်း သူမက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင်များကို ကျော်ဖြတ်နိုင်ခဲ့ရုံသာမက သူမက ဝိညာဉ်လမ်းကြောင်း ၁၀၀ ထိ ဖွင့်နိုင်ခဲ့သည်။ သူမက ဝိညာဉ်တည်ဆောက်ခြင်း အဆင့် မတက်လှမ်းခင် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ၁၀ ထိ ကျင့်ကြံခဲ့သည်။ ယခု ယန်အာက စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့် ၇ သို့ ရောက်နေလေပြီ။ ထွန်းတောက်နေသည့် အနာဂတ်ဖြင့် မိန်းကလေး ယန်အာသည် ကောင်းကင်ဖွေရှာနန်းတော်၏ ဂျုနီယာများထဲတွင် စစ်မှန်ခြင်း နတ်ဘုရားအဆင့် သို့ ပထမဆုံး ရောက်ရှိမည့် သူ ဖြစ်လိမ့်မည်။

နယ်ခြားသင်္ဘောပျံကြောင့်သာ မဟုတ်လျှင် ကောင်းကင်ဖွေရှာနန်းတော်၏ ပါရမီရှင်ဆိုတာအသာထား ယန်အာ နာမည်သည် ပျောက်ဆုံးနယ်မြေတစ်ခုလုံးတွင် ဟိုးလေးတစ်ကျော် ဖြစ်စေလိမ့်မည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now