chapter 108

740 115 3
                                    


အခန်း (၁၀၈)  :  ဝိညာဉ်လမ်းကြောင်းဖွင့် ဆေးကို နောက်တစ်ကြိမ် ဖော်စပ်ခြင်း

"ဦးလေးစွန်း ဘာလို့ ဝိညာဉ်ဆေးလုံး ပုလင်းတွေ အများကြီး ဖြစ်နေတာလဲ"လျှော်ဝတ်ရုံ ဝတ်ဆင်ထားသော  ရိုးရိုးရှင်းရှင်းပုံဖြင့်လူငယ်က လျောက်လှမ်းလာလေ၏။ သူ့အသားရေက ဖြူဖျော့နေကာ သူ့အား နူးညံ့နေဟန် ဖြစ်ပေါ်စေသည်။ သူက ကြွေပုလင်းငယ်များဖြင့် ပြည့်နေသော စားပွဲကို မြင်လိုက်သောအခါ အံ့ဩတကြီး မေးကြည့်လိုက်သည်။

လမင်းကိုးစင်း ဆေးလုံးအိမ်တော်သည် ဆေးလုံး အရည်အသွေးအပေါ်  ဈေးဖြတ်ခြင်းနှင့် ပတ်သတ်၍ လူသိများလေသည်။ ဆေးလုံးများကို ကြွေပုလင်းထဲများ ထည့်ထားသောကြောင့် ဘယ်သူက ထိုပုလင်းများကို သုံးမည်နည်း။

လူလတ်အမျိုးသားက မတ်တပ်ရပ်ကာ "ရှောက်ခယ် မင်းရောက်လာပြီပဲ ဒါတွေက ငါတို့ ဝယ်ထားတဲ့ ဆေးလုံးတွေလေ..."

လျှော်ဝတ်စုံနှင့် လူငယ်က အံ့ဩတကြီး မေးလိုက်တော့သည် "ဦးလေးစွန်းက ဒီဆေးလုံးတွေကို တခြားတယောက်စီက တကယ် ဝယ်ခဲ့တာလား တကယ့် နာမည်ကြီး ဆေးလုံးဆရာဆီကတော့ လာမပြောနဲ့နော် ဒါပေမဲ့လဲ မဟုတ်သေးပါဘူး....."

လျှော်ဝတ်ရုံနှင့် လူငယ်က ထိုဆေးလုံးများသည် နာမည်ကြီး ဆေးလုံးဆရာက ဖော်စပ်ထားတာ ဆိုလျှင် ထိုအရာများကို ကျောက်စိမ်းပုလင်းများနှင့် ထည့်ထားပြီး ကြွေပုလင်းနှင့်တော့ မဟုတ်ကြောင်း သိ၏။

"ငါ ဝယ်ထားတာ မဟုတ်ဘူး လာ ရှောက်ခယ် ဒီဆေးလုံးတွေကို လာကြည့်ပါဦး..." လူလတ် အမျိုးသားက ပြောရင်း ဆေးလုံးကို လူငယ်ဆီ လှမ်းပေးလိုက်သည်။

လူငယ်က ပြုံးကာ ဆေးလုံးကို လက်ခံလိုက်လေသည်။ ဆေးလုံးက မည်မျှပင် ကောင်းနေစေကာမူ အဆင့်တစ် ဆေးလုံးထက် မပိုချေ။

သူက ဆေးလုံးကို ကြည့်ရှုလိုက်သည့်အခါ မယုံကြည်နိုင်ခြင်းများ ဖြစ်ပေါ်လာလေသည်။ သူက ချက်ချင်းပင် ဆေးလုံး၏ အရောင်အဆင်းနှင့် အရည်အသွေးကို စစ်ဆေးလိုက်ကာ အချိန်အချို့အကြာတွင် သူက ဆေးလုံးကို ပါးစပ်ထဲ ကောက်ဝါးလိုက်ပြီး မျက်လုံး ပိတ်ထားလိုက်တော့သည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now