chapter 82

826 117 0
                                    

အခန်း (၈၂) : ပူးပေါင်းရန် ဆုံးဖြတ်ခြင်း

မိုဝူကျီက တိတ်တဆိတ် နေနေလေသည်။ သို့သော်လည်း ယန်ချင်ယင်က ရိုးရှင်းသော ဆေးလုံးဆရာ မဟုတ်ချေ။ ထို့အပြင် သူမက ငယ်ငယ်ရွယ်ရွယ်ဖြင့် သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းတွင် ဆေးလုံးဆရာအဖြစ် အမြင့်မားဆုံး နေရာကို ယူထားနိုင်လေသည်။ ဂိုဏ်းအတွင်းရှိ သူမ၏ အဆင့်အတန်းကား ဂိုဏ်းခေါင်းဆောင်နှင့်ပင် ယှဉ်လို့ ရလေ၏။ သူမက မိုဝူကျီ အမူအယာကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သူသည် ထိုအရာကို မလုပ်ချင်ကြောင်း သိ၏။

"ဂျူနီယာ မောင်လေးမို..... ဒီအရဲစွန့်မှုက လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်..... ဒါပေမဲ့ ကျင့်ကြံခြင်းလောကမှာ အန္တရာယ်ကို ရင်မဆိုင်ဖူးတဲ့ ပါရမီရှင်တွေ မရှိဖူးဆိုတာ အပိုပြောတာ မဟုတ်ဘူးနော်...... အများစုက သေခြင်းတရားနှင့် လက်တလုံးခြား ကြုံတွေ့ခဲ့ရတာချည်းပဲ..... မင်းရဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာ ချော့မွေ့နေရင် ပါရမီရှင် ဖြစ်ဖို့ မဖြစ်နိုင်ဘူး...... မင်းရဲ့ ကျင့်ကြံခြင်းက ချောချောမွေ့မွေ့ ဖြစ်နေရင်တောင် သေခြင်း ရှင်ခြင်း အတွေ့ကြုံတွေမရှိဘဲ အစစ်အမှန် ကျင့်ကြံသူ ဖြစ်လာမှာ မဟုတ်ဘူး.... " ယန်ချင်ယင်က မိုဝူကျီဆီတွင် တစ်ခုခုကို သတိထားမိဟန်ဖြင့် စတင်၍ အကြံပေးလိုက်လေသည်။

မိုဝူကျီက ပြုံးလိုက်သော်ငြား ဘာမျှ ပြန်မပြောခဲ့ပေ။ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေ၏။ သူ့ကို လူများက အကြံဉာဏ်ပေးရန် မလိုအပ်ပေ။ သူက ဤကမ္ဘာကို ရောက်ရှိလာသည်မှာ အချိန်တိုတွင်း ဖြစ်သော်ငြား သူ့ရင်ဆိုင်ခဲ့ရသော သေခြင်း၊ ရှင်ခြင်းများကား သူ့ရှေ့တွင် ရှိနေသော မိန်းကလေးထက်ပင် ပိုများနိုင်သေး၏။

အကယ်၍ ထိုအရာက ထိုက်တန်လျှင် သူ့အား ဖြောင့်ဖြရန် မည်သူကိုမျှ မလိုပေ။ မဟုတ်ပါက သူသည် သူ့အသက်အား ပြက်လုံး တစ်ခုကဲ့သို့ မမြှပ်နှံ့နိုင်ချေ။

"ဂျူနီယာ မောင်လေးမို..... မင်းရဲ့ကျင့်ကြံအဆင့်က နိမ့်သေးတယ် ငါတို့ဂိုဏ်းအတွက် ဓားသိုင်းကျင့်စဉ် အကောင်းတစ်ခုက ဘယ်လောက်အရေးပါလဲဆိုတာ သိဦးမှာ မဟုတ်လောက်သေးဘူး......"

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now