chapter 9

1.5K 211 1
                                    


အခန်း (၉) : အစွမ်းအစမရှိရင် လေးစားမှုမရှိပေ

"ဟားဟား....." မုတ်ဆိတ်ဖြူနှင့် လူသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ငါ လီယွမ်ဟွာက ဒီနေရာသေးသေးလေး ဖြတ်သွားတုန်းမှာ အရည်ချင်းပြည့်မှီတဲ့ တပည့်ကို ရှာတွေ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး........"

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် မိန်းမလှလေးက မုတ်ဆိတ်ဖြူလူစကားကို ဝင်နှောင့်ယှက်လိုက်သည် "လီယွမ်ဟွာ သူမက ရှင်တို့ လီမီးဂိုဏ်းနဲ့ မကိုက်ညီဘူး..... ကျွန်မက သူမကို နောက်ဆုံးတပည့်အဖြစ် လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ......"

လီယွမ်ဟွာသည် လည်ပင်းညှစ်ခံလိုက်ရသည့် ဘဲတစ်ကောင်လို အသံတိတ်သွားခဲ့သည်။ ခဏကြာသည့်နောက်တွင် သူသည် ဒေါသဖြင့် အော်ဟစ်ပြောလိုက်သည် "ဂျင်ဖေးလန်..... မင်း ဘာကိုဆိုလိုတာလဲ..... မင်းမှာ တပည့်ငါးယောက်တောင်ရှိပြီးပြီလေ.... ငါ့မှာတစ်ယောက်တောင် မရှိသေးဘူး....."

ဂျင်ဖေးလန်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည် "သူမကို တပည့်အဖြစ်လက်ခံပြီးတာနဲ့ မတော်တဆမှု အကြောင်း ဆက်မပြောတော့ဘူး....."

လီယွမ်ဟွာ မျက်နှာသည် အနီရောင်ပြောင်းလာပြီး လည်ပင်းသည်ပင် နီရဲလာပေမဲ့ ထပ်၍ မငြင်းခုံခဲ့ပေ။

မိုဝူကျီသည် ဂျင်ဖေးလန်သည် လီယွမ်ဟွာအပေါ်တွင် နိုင်ကွက်ရှိရမည်ဟု ထင်ထင်ရှားရှား သိ၏။

ဆယ်စက္ကန့်လောက်ကြာပြီးသည့်နောက်တွင် လီယွမ်ဟွာသည် တစ်လုံးချင်းပြောလိုက်၏ "ဂျင်ဖေးလန်.... ငါ မင်းကို ကျန်တာတွေ ပေးနိုင်တယ်.... ဒါပေမဲ့ ဒီတပည့်ကို ရမှ ဖြစ်မယ်...... မင်းက ယုတ္တိမရှိလိုက်တာ..... ငါသာ သူမဝိညာဉ်အရည်အသွေးကို ရှာမတွေ့ခဲ့ရင် မင်းက သူမတည်ရှိမှုကိုတောင် သိပါ့မလား......"

ဂျင်ဖေးလန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည် "သူမက မကျင့်ကြံဖူးပေမဲ့ သူမမျက်ခုံးမှာ ဝိညာဉ်ညို့ဓာတ်တွေ ဝန်းရံနေတယ်...... စမ်းသပ်မှုအတွက် ရှင် သူမကို မခေါ်ရင်လည်း ကျွန်မခေါ်မှာ....."

စကားဆုံးသည်နှင့် ဂျင်ဖေးလန်သည် ထပ်၍ မရှင်းပြတော့ပေ။ အနီရောင်စက္ကူဌက်ကို ထုတ်ယူရင်း မိမိဘာသာ ပြောနေသကဲ့သို့ ပြောလိုက်သည် "အရင်ဆုံး လီမီးဂိုဏ်းကို အကြောင်းကြားရအောင်....."

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now