chapter 83

790 121 0
                                    


အခန်း (၈၃) : ယန်ချင်ယင်၏  အံ့ဩမှု

"မင်းဖော်စပ်ထားတဲ့ ဆေး ငါသောက်ခဲ့တာပါ... ဂိုဏ်းထဲက အဆင့်တစ် ဆေးလုံးဆရာတွေတောင်မှ မင်းလိုမျိုး အဆင့်တစ် ဆေးလုံး ဖော်စပ်နိုင်မှာ မဟုတ်ဘူးဆိုတာ အာမခံနိုင်တယ်......မင်းက မကြာခင် လူသားအဆင့်ထဲက အဆင့်တစ်နဲ့ အဆင့်နှစ်ကြားက ကန့်သတ်ချက်ကို ကျော်လွှားနိုင်တော့မယ်လို့  ငါ ယုံတယ်...... နည်းနည်းလေး ရှေ့တိုးလိုက်ရုံနဲ့ အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာလိမ့်မယ်....." ယန်ချင်ယင်က မိုဝူကျီကို ကြည့်ရင်း  လေးလေးနက်နက် ပြောလိုက်လေသည်။

တုံ့ပြန်သည့် အနေဖြင့် မိုဝူကျီက ဝန်ခံလိုက်လေသည် "တကယ်တမ်းကျ ကျွန်တော်က အဆင့်နှစ် ဖော်စပ်ဖို့ ကြိုးစားနေတာ ဒါပေမဲ့ တစ်ခါမှ မအောင်မြင်သေးဘူး.... " ဘေးပတ်လည်တွင် ဆေးပင်များ ရှိနေစဉ် မိုဝူကျီက မည်ကဲ့သို့ အဆင့်တစ် ဆေးလုံးဆရာအဖြစ်နှင့် ရပ်တန့်မည်နည်း။ သူသည် အဆင့်နှစ် ဆေးလုံးကို ခဏတိုင်း ဖော်စပ်ကြည့်ပြီး အသုတ်ပေါင်း ၆၀မှ ၇၀လောက် ကျရှုံးမှုမရှိဘဲ ကြိုးစားကြည့်သော်ငြား အခေါက်တိုင်းကား မအောင်မြင်ပေ။

ကံကောင်းလှစွာ ဆေးပင်များသည် ဤနေရာတွင် အမြောက်အမြား ရှိနေသာကြောင့်သာ။ ထိုသို့ မဟုတ်လျှင် ကြွယ်ဝလှသော ဂိုဏ်းများပင် ထိုသို့သော ဆုံးရှုံးမှုမျိုး ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

မိုဝူကျီက အဆင့်နှစ် ဆေးလုံးဆရာ မရောက်သေးသည့် အဓိကအချက်မှာ သူ့တွင် အတွေ့အကြုံ မကြွယ်ဝသေး၍သာ ဖြစ်လေသည်။ ထို့ကြောင့် သူက အချည်းနှီး အဆင့်နှစ် ဆေးလုံးဖော်စပ်ခြင်းကို ရပ်တန့်လိုက်ကာ စွမ်းအားဖြည့်ဆေးလုံး၊ သွေးပြေပြစ်ဆေးလုံးနှင့် အားဖြည့်ဆေးလုံးများကိုသာ ဖော်စပ်နေခဲ့လေသည်။

ယန်ချင်ယင်က ပေါ့ပေါ့ပါးပါး  ရယ်မောလိုက်ပြီး "မင်း အဆင့်နှစ် မရောက်သေးတာက ရိုးရှင်းတဲ့ အဓိက အချက်နှစ်ခု ရှိတယ်....ပထမက မင်းက ဆေးလုံးဆရာ ဖြစ်ဖို့က အရမ်းခက်ခဲတယ်လို့ တွေးနေလို့ ပြီးတော့ မင်းက အချိန်တိုအတွင်း အဆင့်တစ် ဆေးလုံးဆရာ ဖြစ်လာတာကို ကျေနပ်နေလို့..... ရလဒ်က မင်းရဲ့ မသိစိတ်က မင်းကို အဆင့်နှစ် မြန်မြန် မရောက်နိုင်ဘူးဆိုပြီး ထိန်းချုပ်ထားတာပဲ......ဒါက ကိုယ့်ဘာသာ ယုံကြည်ချက် ကင်းမဲ့နေလို့ ဖြစ်လာတာ..... ဒုတိယအနေနဲ့ မင်း အဆင့်နှစ် ဆေးလုံးဖော်စပ်တုန်းမှာ အဆင့်တစ်ကအတိုင်း ဆေးပြင်းမီးဖိုကို အသုံးပြုပြီး ဆေးပင်တွေကို ဖော်စပ်တယ်..... အဲအချက်က အချိန်နဲ့အမျှ ပြင်ဆင်တတ်သွားမှာပါ.... ဒါပေမဲ့ မင်းက အခု ငါနဲ့ ရှိနေတာဆိုတော့ မင်းရဲ့ အမှားတွေကို တတ်နိုင်သမျှ မြန်မြန် ပြင်ပေးမယ်.... အဲဒါမှ မင်းက အဆင့်နှစ် ဆေးလုံးကို‌ ဖော်စပ်နိုင်မှာ...... "

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now