chapter 121

689 111 0
                                    


အခန်း (၁၂၁) : ခက်ခဲလှသော ပထမအဆင့်

ဖုန်းကျန့်ချိုး ထွက်သွားပြီးနောက်တွင် လူလတ်အမျိုးသမီး တစ်ဦးက စင်မြင့်ပေါ် တက်လာကာ လေးဖက်လေးတန်ကို ဦးညွှတ် ဂါရဝပြုလိုက်ပြီး ပြောလိုက်သည် "ကျွန်မက ကောင်းကင်ဖွေရှာနန်းတော် ဆေးလုံးဘုံစေတီက မင်နင်ပါ  ဒီဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲကို ကြီးမှူးပေးမဲ့သူပါ  စောစောက ဂိုဏ်းချုပ်ဖုန်း ပြောခဲ့သလိုပဲ ကျွန်မတို့ အင်ပါယာငါးခုထဲမှာ ကောင်းကင်အဆင့် တက်လှမ်းနိုင်တဲ့သူက အလွန်နည်းလွန်းနေပါတယ်  ကမ္ဘာပျက်ရင်တောင် လွတ်လမ်းတော့ ရှိသေးတယ် ဆိုတဲ့အတိုင်း  ဒီဒြပ်ငါးမျိုး ကင်းမဲ့နယ်က ကျွန်မတို့ အင်ပါယာငါးခုက  လူတွေအတွက်  ထွက်ပေါက်တစ်ခုပါ ပြီးတော့ ဝင်နိုင်မဲ့ အခွင့်အရေးကိုလည်း ဒီပြိုင်ပွဲကနေ တဆင့် ဆုံးဖြတ်ပါမယ်...

ဒီပြိုင်ပွဲအတွင်းမှာ ဒိုင်အနေနဲ့ ကျွန်မ အပါအဝင် စုစုပေါင်း အဆင့်ခြောက် ဆေးလုံးဆရာ ငါးယောက်ရှိပါ့မယ်  ရလဒ်ကောင်းတွေ ရသရွေ့ နေရာကောင်းကောင်း ရနိုင်မယ်လို့ ယုံကြည်ပါတယ်..

ပထမအဆင့်က ရှုံးထွက်ပွဲစဉ် ဖြစ်ပြီးတော့ ပါဝင်သူ အားလုံးက ကိုယ့်ရဲ့ ‌ဆေးပြင်းမီးဖိုဆီ‌ ရောက်ဖို့ ကျောက်စိမ်းပြားကို အသုံးပြုပေးကြပါ..."

"ဝူကျီ မင်းနိုင်နိုင် ရှုံးရှုံး ကိစ္စမရှိဘူး  စိတ်အေးအေးထား အရမ်းမစိုးရိမ်နဲ့  ငါတို့ နောက်ပြိုင်ပွဲကျ လာလို့ရသေးတယ်  အရင်တခါက ငါတို့ အဆင့် ၉၇ ပဲ ရောက်ခဲ့တာ အဲဒါကြောင့် ဒီတစ်ကြိမ် မရလည်း အရမ်းကွာမှာ မဟုတ်ဘူး.... " ကျန်းရှောက်ခယ်က မိုဝူကျီကို အားပေးလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီးတော့ "ကျန်းသခင်လေး စိတ်အေးအေးနေပါ ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ..."

ကျန်းရှောက်ခယ်က နောင်မှ လာလို့ ရသေးပေမဲ့ သူ့အတွက်တော့ မဟုတ်ပေ။ တစ်ဖက်တွင်  အရင်ပြိုင်ပွဲမှာ လမင်းကိုးစင်း ဆေးလုံးအိမ်တော်က အဆင့် ၉၇ ရခဲ့ခြင်းက မိုဝူကျီကို သိပ်မအံ့ဩစေပေ။  အင်ပါယာငါးခုထဲမှ အင်အားကြီးဂိုဏ်းများက မည်မျှပင် ရှိနေသနည်း။ အမှန်တွင် လမင်းကိုးစင်း ဆေးလုံးအိမ်တော်က ထိုသို့ အရေးမပါလှပေ။ ထိပ်တန်း တစ်ရာအတွင်း ဝင်နိုင်သည်ကပင် ရလဒ်ကောင်း ဖြစ်နေလေပြီ။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now