chapter 56 (End of Book 4)

949 139 0
                                    


အခန်း (၅၆) :  ဈေးကြီးလှသော ဆေးဖော်စပ်ရေး ကိရိယာ

မိုဝူကျီနှင့် ရှန်းလျဲ့တို့ တစ်စားပွဲလုံး ပန်းကန်အပြည့် အငမ်းမရ စားသောက်နေသည်ကို မြင်ကာ စားပွဲထိုးနှစ်ယောက်သည် ကြောင်ကြည့်နေမိ၏။ မိုဝူကျီနှင့် ရှန်းလျဲ့ ထွက်သွားသောအခါ စားပွဲထိုးများ၏ အကြည့်သည် လေးစားမှုအဖြစ် ပြောင်းသွားလေသည်။

ထိုစားပွဲထိုးများသည် အရင်က အစားကြီးသော အမျိုးသားကို တွေ့ဖူးသော်လည်း ထိုမျှ စားသောက်နိုင်သည့် အမျိုးသမီးကို မတွေ့ဖူးချေ။  သူမသည် အစားကြီးရုံမျှမက သူမသည် စားပွဲထိုးများ တစ်ခါမှ မမြင်တွေ့ဖူးသော အလှတရားတို့ ပိုင်ဆိုင်သော မိန်းမလှလေး ဖြစ်နေသေး၏။ ထိုသို့သော အလွန်လှပသော မိန်းမပျိုလေးသည် တစ်စားပွဲလုံးအပြည့် စားသောက်သွားသည်မှာ သူတို့မျှော်လင့်ထားသည်နှင့် ၁၈၀ဒီဂရီလောက် ဇောက်ထိုးဖြစ်နေလေ၏။

"စီနီယာအစ်မရှန်း...... အခုဗိုက်လဲ တင်းပြီဆိုတော့ အရင်ပြန်နှင့်လိုက်ပါလား..... ကျွန်တော် လုပ်စရာအချို့ ကျန်နေသေးလို့......" မိုဝူကျီသည် ဆေးဖော်စပ်ရန် ပါဝင်ပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများ သွားမဝယ်ခင် ရှန်းလျဲ့အား အရင်ဖယ်ထုတ်ချင်၏။

ရှန်းလျဲ့ကား မိုဝူကျီကား သတိထားနေသေးသော်လည်း အစားအတူတူ စားပြီး ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးပြီးနောက်တွင် သူမသည် သူနှင့် ပို၍ ရင်းနှီးလာကြောင်း ခံစားမိလိုက်၏။ ရှန်းလျဲ့သည် လေထဲသို့ သိချင်စိတ်များကို ပစ်လွှင့်လိုက်ကာ "ပြန်ရင်လဲ ဘာမှ လုပ်စရာမရှိဘူးလေ.... အဲကြောင့် ဈေးဝယ်ထွက်မလို့.... ရှင်က ဘာသွားဝယ်မှာလဲ.... ကျွန်မ ရှင့်ကို အကြံတချို့ပေးနိုင်တာပေါ့....."

သူသည် စိတ်အနှောင့်ယှက်ဖြစ်မှုကို မဖယ်ရှားနိင်မှန်း သိသာလေ၏။ မိုဝူကျီသည် သူ့အကြံစည်ကို ထုတ်ပြောရုံကလွဲပြီး ရွေးချယ်စရာ မကျန်တော့ပေ "ကျွန်တော်က ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ဟာတွေ သွားဝယ်မလို့...... အဲဒါအတွက် မင်းကို ခေါ်ဖို့ လိုလို့လား....."

"ဆေးမီးပြင်းဖို သွားဝယ်မှာလား..... ကျင့်ကြံခြင်းတောင် မစရသေးတဲ့သူက ဘယ်လိုလုပ် မီးပြင်းဖို ဝယ်မှာလဲ......" ရှန်းလျဲ့သည် အံ့ဩတကြီး မေးလိုက်သည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now