chapter 44

998 134 2
                                    


အခန်း (၄၄) : ပင်လယ်သားရဲများ ဝန်းရံခံရခြင်း


"အခု .... မင်း သူမကို ပေးသင့်တာ အားလုံး ပေးပြီပြီ..... အခုကစပြီး မင်းမှာ ဘာမှ မရှိတော့ဘူး....." ဟန်နင်အခန်းမှ ထွက်လာပြီးနောက် ယွန်ကျန်းရီသည် ရယ်မောပြီး ပြောလိုက်လေသည်။

မိုဝူကျီသည် ရယ်လိုက်ပေမဲ့ ဘာမှ မပြောခဲ့ပေ။ သူသည် ချောင်ဟောင်နှင့် ယန်ဂျွန်ဆောင်တို့က ဒီသို့ ဦးတည်ကာ အလျှင်အမြန် ပြေးလာနေသည်ကို တွေ့လိုက်ရ၏။ သို့သော် မိုဝူကျီသည် သူတို့မျက်လုံးထဲမှ စိုးရိမ်ပူပင်မှုများကို မြင်နိုင်ကာ သူတို့သည် ပြပွဲတစ်ခု လုပ်ဆောင်နေကြောင်း သိလိုက်သည်။

ချောင်ဟောင်သည် မိုဝူကျီအား ကြည့်ကာ သူ့မျက်လုံးတွင် လူသတ်ချင်စိတ်များ ပြည့်နေလေသည်။ တစ်ဖက်တွင် ယန်ဂျွန်ဆောင်သည် အပြုံးများဖောသီစွာဖြင့် မိုဝူကျီအား နှုတ်ဆက်လိုက်သည် "ဆေးဆရာမို.....မတွေ့တာ ကြာပြီနော်...."

မိုဝူကျီသည် ထိုမြေပွေးလိုလူနှင့် ထိုဟန်ဆောင်ပြုံးကျားတို့နှင့် ဆက်ဆံရန် စိတ်ကူးမရှိချေ။ သူသည် သူတို့အား တုံ့ပြန်ရမည်ကို ပျင်းရိစွာဖြင့် သူသည် ယွန်ကျန်းရီအား လှည့်ကာ ပြောလိုက်သည် "အခု သူမအပေါ် ဘာမှအကြွေးမရှိတော့ဘူး.....သူမကသာ ကျန်ရှိနေတာ.... ကျွန်တော်အသက်ကြွေးရှိတာက သူမအဖပေါ်မှာ......ဒါပေမဲ့ သူမကို ချန်လောင်ရောက်အောင် အကောင်းဆုံး ကြိုးစားပံ့ပိုးပေးမယ်......"

ယွန်ကျန်းရီသည် အားရပါးရ ရယ်မောလိုက်ပြီး "ဝူကျီ.... အဲဒါကြောင့် မင်းကို သဘောကျတာ..... မင်းရဲ့ ပင်ကိုယ်ဇရိုက်ကြောင့် ငါတို့တွေ သူငယ်ချင်းကောင်း ဖြစ်လာနိုင်တာ...."

မျှသုံးရသည့် အိမ်တွင် မျောက်မျက်နှာနှင့် အမျိုးသားသည် ဝင်လာပြီး ချဲ့ကားပြောလိုက်သည် "မင်းတို့တွေ အကုန်မှားနေကြတာ..... ဒါက ယင်ဟန်ပြည်နယ်က ပီဟွေ့က လုပ်ခဲ့တာ....ဒါပေမဲ့ အမြီးနှံ့ပြေးတဲ့သူတွေကလဲ တခြားမဟုတ်ဘူး ပီဟွေ့နဲ့ သူ့လူတွေပဲ..... ငါတို့အိမ်က ထွက်သွားတဲ့ လူတွေ မဟုတ်ဘူးကွ..... မေ့နေတဲ့ နှစ်ယောက်ကို သယ်သွားတာကိုတောင် မြင်လိုက်ရသေးတယ်..... သူတို့တွေ တော်တော် အရိုက်ခံလိုက်ရတယ် ထင်တယ်....."

လူသားသစ်စာ (Zawgyi version) (1 - 200)حيث تعيش القصص. اكتشف الآن