chapter 101

787 113 0
                                    


အခန်း (၁၀၁) : ဆေးဖော်မြူလာကို အဆင့်မြင့်ခြင်း

မိုဝူကျီက ထိုလူများ မျက်နှာပေါ်မှ အံ့အားတုန်လှုပ်မှုများကို လျစ်လျူရှုထားလိုက်ပြီး သူ့ကျောက်စိမ်းပြားကို ယူကာ အဖွဲ့ကို ကျော်တက်လိုက်ပြီးတော့ အောက်ထပ်ကို ဆင်းသွားလိုက်လေသည်။

ပထမအထပ်သို့ ဆင်းမည့် ဆဲဆဲတွင် သူနောက်မှ ကျယ်လောင်သော ရယ်သံက ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် တစ်ယောက်က ပြောလိုက်လေသည် "သူက သူ့စွမ်းရည်ကို အခြားသူတွေ အံ့ဩစေဖို့ လျှပ်စီးအခန်းကို ရွေးလိုက်တာလား ဟားဟား အဲမှာ လေ့ကျင့်ရရင် မိုက်တယ်လို့ ကြားထားလို့နေမှာပေါ့ကွာ "

"သူ့အပြုအမူကနေ ငါတကယ်ကို အံအားသင့်သွားတာပဲ ဟားဟား "

"လျှပ်စီးအခန်းမှာ တစ်ယောက်က ခြောက်နာရီထိ နေနေတယ်ဆိုတာကို အားလုံးက သိတယ်လို့ မင်းမပြောဖူးလား ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက သူ့ဘေးမှာ ထိုင်ပြီး အခန်းက လျှပ်စီးတွေကို ကြည့်နေတယ်ဆိုတာကို အားလုံးက သိနေတာပဲ စိတ်စွမ်းအင် ကျောက်တုံးတွေ ကုန်မှာစိုးလို့ နောက်ဆုံး နှစ်နာရီ ချန်ထားပြီး ‌ ထွက်လာတာ နေမှာပေါ့  ငါကတော့   သူ လျှပ်စီးတွေကို ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ တကယ်သိချင်နေတာကွ"

"သူ အခန်းထဲက လျှပ်စီး ပိတ်လိုက်တာကို အပြင်က အခြားသူတွေ မြင်ရတာ သိခဲ့ရင် စိတ်စွမ်းအင် ကျောက်တုံးတွေကို ဖြုန်းတီးဖို့ ဂရုစိုက်နေမှာ မဟုတ်ဘူး "

"အဲဒီလူတွေကို ဂရုစိုက်မနေနဲ့ ငါ သွားပြီးတော့ လေ့ကျင့်တော့မယ် မီယွဲ့ ငါ့ကို အပြင်က စောင့်ပေး "

မိုဝူကျီက ထိုအတင်းအဖျင်းစကားများကို စိတ်ထဲ မထားချေ။ သူသည် ထိုဆွဲဆောင်မှုရှိသည့် အသံပိုင်ရှင် စိတ်စွမ်းအင် ကျောက်တုံး သုံးတုံးပေးသော ကိုယ်လူချောက နောက်ဆုံး စကားကို ပြောလိုက်သည်ကို သတိပြုမိလိုက်၏။ လျှပ်စီးအခန်းတွင် ခြောက်နာရီ ကုန်ဆုံးခဲ့သည်ကို ကြားကာ မိုဝူကျီက အလန့်တကြားဖြင့် ပထမအထပ်သို့ ကတိုက်ကရိုက် ပြေးဆင်းသွားတော့သည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now