အခန်း (၄၀) : ခွဲခွာခြင်း
နောက်ထပ် မိနစ် နှစ်ဆယ်ကြာပြီးနောက်တွင် ယွန်ကျန်းရီ ဦးဆောင်၍ အားလုံးသည် တောင်ကုန်းနောက်တွင် ဝပ်ကာ တွားသွားလာကြသည်။ လရောင်သည် သူတို့အား တိုက်ပွဲကို ကောင်းကောင်း မြင်စေနိုင်ရန် ထောက်ပံ့ပေးနေသည်။
တိုက်ပွဲကို သုံးသပ်ကြည့်ရသလောက် မိုဝူကျီသည် ထိုဖက်တီးအား တစ်ယောက်တည်း သတ်ရန် အကြံစည်က မည်မျှ မိုက်မဲကြောင်း သိရှိသွားလေသည်။ အောက်တွင် ခုနှစ်ယောက်၊ ရှစ်ယောက်လောက် လဲကျနေပေမဲ့လည်း ဖက်တီးတွင် အားကောင်းသည့် အစောင့်တစ်ယောက် ကျန်ရှိသေး၏။ ထိုသူသည် နှစ်ယောက်နှင့် တိုက်ခိုက်နေပြီး တစ်ယောက်ကား ကျားကျင်း ဖြစ်လေသည်။
ကျားကျင်းသည် မူလက နှစ်ယောက်ခေါ်လာခဲ့သော်လည်း တစ်ယောက်သည် အသတ်ခံလိုက်ရပြီ ဖြစ်၏။
"ကျွန်တော် တော်တော်မိုက်မဲခဲ့တာပဲ.....တစ်ယောက်တည်းသာ လာမိခဲ့ရင် သူ့ကို သတ်ဖို့ အောင်မြင်မှာ မဟုတ်ဘူး...." မိုဝူကျီသည် သက်ပြင်းချကာ ငြီးတွားလိုက်သည်။
ယွန်ကျန်းရီသည် ပြန်တုံ့ပြန်လိုက်၏ "အဲ့အတွက် ကိုယ့်ဘာသာ အပြစ်မတင်နဲ့.... ဒီလူက ဖြေရှင်းဖို့ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး..... ပုံမှန် အရောင်းသမားတွေက ဒီလို အားကောင်းတဲ့ အစောင့်တွေ မခန့်ကြဘူး...."
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ကျားကျင်းသည် ထိုကျန်ရှိနေသော အစောင့်၏ ပခုံးကို ဓားဖြင့် ထိုးနိုင်လိုက်၏။ ထိုအခိုက်အတန့်တွင် ကျားကျင်း၏ အပေါင်းအပါအား ထိုလူ ဓားချက်က ထိုးဖောက်သွားလေသည်။
ကျားကျင်းနှင့် သူ့အဖော်တို့သည် ပြင်းထန်စွာ ဒဏ်ရာရနေကြလေသည်။ ကျားကျင်းသည် နောက်ကလိုက်ပြီး ဖက်တီး၏ တစ်ဦးတည်း ကျန်သော အစောင့်ခေါင်းကို ဖြတ်နိုင်လိုက်သည်။
ဒဏ်ရာ ရရှိနေသည့် ဖက်တီးသည် မြင်းလှည်းပေါ်တွင် ထိုင်ရင်း အကူအညီတောင်းကာ မအော်ဟစ်ရဲချေ။ သူသည် အကူအညီတောင်းသည်က အကျိုးမရှိမှန်း သဘောပေါက်၏။
"ငါတို့ အလှည့်ပဲ....." ယွန်ကျန်းရီသည် လေးနက်စွာ ပြောလိုက်ရင်း ဗိုလ်ချုပ်တစ်ယောက် ကဲ့သို့ တောင်ကုန်းပေါ်မှ လျောဆင်းချလိုက်သည်။
YOU ARE READING
လူသားသစ်စာ (Zawgyi version) (1 - 200)
FantasyThis is translation of Immortal mortal .... All credit given to original author and translator Otiginal Author : Goose Five Translator : Kyiphyu ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင် မိုဝူကျီတစ်ယောက် ဘယ်လို ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ရမလဲ...