chapter 84 (End of Book 6)

868 115 0
                                    


အခန်း (၈၄) : အသက်ဓာတ်စုပ် သားရဲ

မိုဝူကျီက ပါဝင်ပစ္စည်းများကို ရောနှောပြီးသည်နှင့် ဆေးအဆီအနှစ်များကို အတူတကွ ပေါင်းစပ်လိုက်လေသည်။ ယန်ချင်ယင်က ဆေးလုံးဖော်စပ်ခြင်းတွင် သူ့လုပ်ဆောင်ရည်ကား သူမထပ် မနိမ့်ကျကြောင်း သေချာလေ၏။ သန့်စင်မှုနှုန်းသည် သေချာပေါက် ၈၅ ရာခိုင်နှုန်းအထိ ရောက်လိမ့်မည်။ ပို၍ အရေးကြီးသည်က မိုဝူကျီက အဆင့်တစ် ဆေးလုံးဆရာမျှသာ ဖြစ်လေသည်။ ထိုမျှ ကြောက်လန့်ဖွယ် ပါရမီနှင့်လူသည် သေချာပေါက် မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖြစ်လာလိမ့်မည်။

မိုဝူကျီ၏ ကျင့်ကြံခြင်းကို တွေးမိလိုက်သောအခါ ယန်ချင်ယင်က သက်ပြင်းသာ ချမိလိုက်တော့သည်။ သူသည် ဆေးလုံးဖော်စပ်ခြင်းတွင် ပါရမီပါသော်လည်း မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖြစ်လာရန်က ဆေးလုံးဖော်စပ်ခြင်း တစ်မျိုးတည်းဖြင့် မရပေ။ ကျင့်ကြံခြင်းသည်လည်း တန်းတူ အရေးပါလေသည်။ ထိုကြောင့်သာ ဆေးလုံးဆရာများ နည်းပါးနေခြင်း ဖြစ်လေ၏။

ဖြစ်နိုင်သည်က သူမစကားများသည် အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိလေသည်။ ယန်ချင်ယင် စကားကိုနားထောင်ပြီးနောက်တွင် မိုဝူကျီ၏ လှုပ်ရှားမှုများကား ပုံမှန်ထက် ပို၍ ချောမွေ့နေလေသည်။ ဆေးအဆီအနှစ်များ အားလုံးပေါင်းစပ်သွားသည့်အထိ အမှား လုံးဝ မပါရှိသေးချေ။

မိနစ်အနည်းငယ် အကြာတွင် ပေါင်းစပ်ခြင်း ပြီးဆုံးသွားလေ၏။ မိုဝူကျီက စိတ်သက်သာရာ လေပူမှုတ်ထုတ် လိုက်လေသည်။ အရင်က ဆယ်ကြိမ်လုံးတွင် တစ်ခါမှ ဆေးလုံး ဖြစ်တည်ခြင်း အဆင့်ထိ မအောင်မြင်ခဲ့ပေ။ ယခုတော့ နောက်အဆင့်ထိ ရောက်လာခဲ့လေပြီ။ လက်ဟန်ကို အသုံးပြုလိုက်သောကြောင့် သူ့လက်မှ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာကာ ဆေးအဆီအနှစ်များပေါ် ကျရောက်သွားလေ၏။ သို့သော် ဆေးလုံး ဖြစ်တည်လာရန် စတင်မည့် အချိန်မတိုင်ခင်တွင် ဆေးပင်များကား ရုတ်တရက် ဘုန်းခနဲ ပေါက်ကွဲသွားကာ ဆေးတူးနံ့များက လေထုထဲ ပြန့်နှံ့လာလေသည်။

မိုဝူကျီသည် ဆေးလုံး ဖြစ်တည်ခြင်း ဖြစ်စဉ်ကို ရပ်တန့်လိုက်ပြီး မျက်နှာကား မသာမယာ ဖြစ်နေကာ ယန်ချင်ယင်မှ အဖြေကို စောင့်နေလေသည်။ အရင်က ကျရှုံးမှုများ ပြီးဆုံးသွားလျှင်အဓိက ပြဿနာကို စမ်းစစ်နိုင်သော်ငြား ဒီတစ်ကြိမ်တွင် လမ်းညွှန်မှုမရှိဘဲ ဘာမှားယွင်းနေမှန်း မသိတော့ချေ။ ယန်ချင်ယင်က သက်ပြင်းချလိုက်ပြီး မိုဝူကျီကို ကြည့်ကာ ပြောလိုက်လေသည် "အဆင့်နှစ် ဆေးလုံးဖော်စပ်ခြင်းမှာ ဘာမှားနေလဲဆိုတာ မသိချင်ဘူးလား....."

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now