Arc(1.1) - The Wild Dragon proud day

55.9K 3.3K 167
                                    

Unicode

Arc(1.1) - 'The Wild Dragon Proud Days'

လီလျိုက otaku တစ်ယောက်ဖြစ်သည်။အိမ်မှာနေတာကလွဲရင်သူ့ရဲ့ဝါသနာအဖြစ် Novel များလည်းရေးသားသေးသည်။ငါးနှစ်ကြာအတွေ့အကြုံရပြီးနောက်လီလျိုတွင်များပြားသည့်ပရိသတ်များပါရရှိလာခဲ့သည်။သူ့ရဲ့ကလောင်နာမည်ကလူသိများလူကြိုက်များလာသည်မှာအနီရောင်အဆင့်ဟုပင်သတ်မှတ်လို့ရနေပြီဖြစ်၏။

သူ့ရဲ့စာအုပ်အသစ်ဖြစ်သည့် 'ကောင်းကင်ကံကြမ္ဘာနှင့်တိုက်ခိုက်ခြင်း' သည်လူပြောအများဆုံးစာအုပ်တစ်အုပ်ဖြစ်လာပြီးဖြန့်ချီပြီးကတည်းကထိပ်ဆုံးငါးနေရာ၌ရပ်တည်နိုင်ခဲ့သည်။

အခန်းသစ်တစ်ခုထုတ်ဝေပြီးနောက်မှာတော့လီလျိုကသူ့ရဲ့ကိုယ်ပိုင်ဝင်ငွေကိုကျေနပ်အားရစွာကြည့်နေမိတော့၏။သူက comment box အားကြည့်ရင်း hotpot စားရန်တွေးလိုက်မိသည်။အများအားဖြင့်တော့စာရေးဆရာအများစုသည်ထိုသို့သောအကျင့်များရှိတတ်ကြသည်။သူတို့ကစာဖတ်သူများ၏ comment အားပြန်လည်မဖြေကြားဖြစ်သည့်တိုင်လျို့ဝှက်စွာဖြင့်စာဖတ်သူများရေးထားသည့် comment များကိုအောက်ဆုံးထိဆွဲချပြီးဖတ်တတ်ကြ၏။

လီလျိုကသူတွေ့နေသည့် comment များအားတောက်လျှောက်အသံထွက်ဖတ်နေမိသည်။

'အမျိုးသမီးဇာတ်လိုက်ဖန်ယင်ရွှမ်းငါမင်းကိုအမြဲတမ်းထောက်ခံပေးနေမှာပါ!'

'Fuck! ဘာဖြစ်လို့ဇာတ်လိုက်ကကိုင်စန်မဟုတ်ပဲအမျိုးသမီးဇာတ်လိုက်ရဲ့အချစ်ကိုရဖို့မလုပ်သေးတာလဲ'

များပြားလှတဲ့ comment တွေကိုတွေ့ပြီးသူ့နှုတ်ခမ်းကမနေနိုင်တော့ပဲအနည်းငယ်မြင့်သွားမိတော့သည်။သူ့ရဲ့ YY Novel ထဲကအမျိုးသမီးဇာတ်လိုက်အားလူအများကြီးကချစ်ခင်နှစ်သက်နေတာကိုကြည့်၍သူ့ခံစားချက်ကအနည်းငယ်တော့ချဉ်လာမိလေသည်။ကံမကောင်းစွာဖြင့် YY သည် YY သာဖြစ်သည်။Novel ထဲမှာဘယ်လောက်ပဲအမျိုးသမီးဇာတ်လိုက်များများသူကတော့၂၄နှစ်အရွယ်တစ်ကိုယ်ရေတစ်ကာယသမားတစ်ယောက်ပဲဖြစ်နေဆဲဆိုတာကိုတော့ဖုန်းကွယ်ထားလို့မရပေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now