Arc(1.5)

17.9K 2.5K 83
                                    

Unicode

Arc(1.5) - 'The Wild Dragon Proud day'

"ဟုတ်ကဲ့" အဘိုးကြီးနန်ကုန်းရိဖန်ကအသက်ကိုပြင်းပြင်းရှုလိုက်ပြီးပြောရန်ပြင်လိုက်သည်သို့သော်သူ့နှုတ်ခမ်းများကအနည်းငယ်တုန်ယင်နေ၏။

သူကနောက်တစ်ခါအသက်ပြင်းပြင်းထပ်ရှုကာဖြေးညှင်းစွာပြောလိုက်သည်။

"စစ်သူကြီး...ဒီငယ်သားကအရှင့်သားလေးဆီကစာတစ်စောင်ရရှိပါတယ်ဒီစာကိုသခင်မလေးကလူတစ်ယောက်ကိုအပ်နှံခဲ့တာဖြစ်ပြီးတော့အဲ့ဒီလူကလည်းအိမ်တော်ရဲ့အပြင်မှာရှိပါသေးတယ်...ပြီးတော့လည်းအဲ့ဒီလူနဲ့.....အဲ့ဒီလူနဲ့သခင်မလေးရဲ့ပုံစံကလေးပုံသုံးပုံလောက်ဆင်တူနေပါတယ်"

"ဘာ?!!"

နန်ကုန်းအောင်မှာချက်ချင်းပင်ထရပ်လိုက်ပြီးသူ့မျက်လုံးများကရိဖန်အားစူးစိုက်ကြည့်နေသည်။သူ့မှာထိုအရာအားလက်ခံနိုင်ရန်အချိန်အနည်းငယ်မျှပင်ကြာသွားတော့၏။နောက်ဆုံးမှာတော့နန်ကုန်းအောင်ကရှေ့သို့အနည်းငယ်လှမ်းလိုက်ကာရိဖန်၏လက်မောင်းအားဆုပ်ကိုင်လိုက်သည်။သူ့ရဲ့လက်ဖဝါးတွေကတုန်ယင်နေပြီးသူ့ရဲ့မျက်လုံးများကပြူးကျယ်နေ၏။

"မင်း...မင်းပြောတာအမှန်ပဲလား!?"

"လုံးဝကိုအမှန်ပါပဲစစ်သူကြီး.....သခင်ကြီးပြောဘူးတယ်လေအရှင့်သားလေးကသခင်မလေးနဲ့တစ်ပုံစံတည်းပဲဆို...?"

နန်ကုန်းရိဖန်မှာမနေနိုင်တော့ပဲနန်ကုန်းအောင်လက်ထဲမှအားကိုခံစားမိနေပြီးထိုအားကပုံမှန်လူတစ်ယောက်၏အရိုးအားအလွယ်တကူကျိုးကျေသွားစေနိုင်သည်။သို့သော်သူသည်ယခုအချိန်တွင်ဂရုမစိုက်နိုင်လောက်အောင်စိတ်လှုပ်ရှားနေခဲ့၏။

ရုတ်တရက်ပင်နန်ကုန်းအောင်ကသူ့ရဲ့စိတ်လှုပ်ရှားနေမှုမှတည်ငြိမ်သွားပြီးနန်ကုန်းရိဖန်၏လက်ကိုလွှတ်ပေးလိုက်သည်။

နန်ကုန်းရိဖန်၏စကားများအားနားလည်စေရန်အချိန်အနည်းငယ်မျှစဉ်းစားလိုက်ပြီးနောက်မှပြောလိုက်လေ၏။

"အဲ့ဒီလူကိုဝင်လာခိုင်းလိုက်..မှန်လားမှားလားငါဆုံးဖြတ်နိုင်တယ်အကယ်၍အမှန်ဆိုရင်တော့ဒါကအကောင်းဆုံးပဲဒါပေမဲ့အဲ့ဒါကအတုဆိုရင်တော့........"

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now