Arc(1.11 - 1)

14.2K 2K 29
                                    

Unicode

Arc(1.11 - 1)

The Wild Dragon Proud Day

လီလျိုကနှင်းဖြူရောင်မြင်းတစ်ကောင်အားစီးနင်းနေသည်။အခါအားလျော်စွာပင်သူ့မြင်းမှာလက်ဝဲဘက်မှလိုက်ပါလာသည့်ချင်ယု၏မြင်းနက်ကိုလှည့်လှည့်ကြည့်မိနေ၏။

အဲ့ဒီညကသူချင်ယုကိုအကြိမ်ကြိမ်ခေါ်ခဲ့သော်လည်းသူကတစ်ခါလေးတောင်သူ့ကိုပြန်မဖြေခဲ့ပေ။ထို့ကြောင့်သူလည်းမသိလိုက်ပဲအိပ်ပျော်သွားခဲ့တော့သည်။ထိုနေ့မှစပြီးချင်ယုကသူ့ကိုနှစ်လကြာသည်အထိစကားမပြောတော့ပဲသူ့ကိုတွေ့သည့်အချိန်တိုင်းသူ့မျက်နှာကချက်ချင်းပင်အေးစက်သွားခဲ့သည်။

ချင်ယုဦးဆောင်သောဤနှစ်လတာကာလအတွင်းရှန်ဘီစစ်တပ်သည်လင်မြို့၏တောင်ဘက်သို့သွား၍အခြားမြို့နှစ်မြို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။ထိုမြို့နှစ်မြို့၏ကာကွယ်ရေးကလင်မြို့တော်လောက်မကောင်းခဲ့သော်လည်းထိုအရှိန်ဖြင့်သူတို့၏တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုသည်လူတစ်ဦးအားဆွံအသွားစေရန်လုံလောက်လေ၏။

ထိုအချိန်မှာပင်နန်ကုန်းအောင်သည်သူ့ရဲ့အောင်မြင်မှုအားကြားသည့်အခါမှာချက်ချင်းပင်ရှန်းနန်စစ်တပ်ကိုဦးဆောင်၍ထွက်လာခဲ့သည်။သူတို့နှစ်ဖွဲ့ပေါင်းစည်းပြီးသွားခဲ့သည်နှင့်သူတို့ကရှီရုန်မြို့တော်သို့ချီတက်ခဲ့ကြပြီးရောက်သည်နှင့်တိုက်ခိုက်တော့သည်။

နန်ကုန်းအောင်နှင့်ချင်ယုတို့ကနှစ်ဖက်လုံးမှညှပ်၍တိုက်ခိုက်ခဲ့ကြပြီးသူတို့အောင်မြင်ပြီးသွားသည်နှင့်ပီယန်မြို့တော်သို့ဦးတည်ပြီးချီတက်ပြန်သည်။

မြို့တောင်ဘက်သို့ရောက်လေလေမြေနေရာအနေအထားကပိုပြီးစိမ်းလန်းလေလေဖြစ်ပြီးမြို့ကြိးများကလည်းပိုပြီးချမ်းသာလာကြသည်။

ပုံဆောင်တိုက်ခိုက်မှုအပြီးတစ်ရက်အကြာတွင်၎င်းတို့သည်သူတို့၏ကာကွယ်ရေးများကိုမထိုးဖောက်နိုင်ခြင်ယောင်ဆောင်၍သူတို့၏လျှို့ဝှက်အထောက်အပံ့များဖြစ်သည့်ဂျင်းဝမ်လက်အောက်ခံကိုကျော်ဖြတ်ခဲ့သည်။ ချင်ယုနှင့်အခြားသူများသည်နောက်ထပ်သုံးရက်ကြာလမ်းလျှောက်ခဲ့ပြီးနောက်ဆုံးတွင်သူတို့၏နောက်ထပ်ပစ်မှတ်ဖြစ်သောယွန်ရှီမြို့သို့ရောက်ရှိခဲ့ကြလေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now