Arc(1.13 - 1)

13.4K 2K 8
                                    

Unicode

Arc(1.13 - 1) 

The Wild Dragon Proud Day

ချင်ယုနှင့်လီလျိုတို့ကစစ်တပ်အမိန့်များနှင့်တံဆိပ်များကိုရရှိလာပြီးကြပြီဖြစ်သည်။ထပ်ပေါင်းပြောရရင်ယွန်ရှီမြို့၏အမိန့်ပေးနိုင်သူမြို့တော်ဝန်မှာလည်းသူတို့လက်ချက်ဖြင့်အခန်းထဲမှာအသတ်ခံလိုက်ရပြီးနေပြီဖြစ်သည်လေ...။ထို့ကြောင့်ချင်ယုကမြို့တော်ဝန်အမျိုးမျိုး၏ခေါင်းကိုသူတို့အားပြသလိုက်သည်နှင့်တစ်ပြိုင်နက်မကြာသေးခင်ကပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်နေကြသည့်ယွန်ရှီမြို့မှစစ်သားများအားလုံးချက်ချင်းပင်တစ်ယောက်ပြီးတစ်ယောက်လက်နက်ချအညံ့ခံလာကြတော့သည်။

ယခုသူတို့ကခေါင်းဆောင်မရှိတော့သည့်နဂါးတပ်ဖွဲ့များဖြစ်နေကြပြီဖြစ်တာကြောင့်သူတို့အနေဖြင့်ပြန်ပြီးတိုက်ခိုက်နေလဲအကျိုးမရှိတော့ဘူးဖြစ်၏။ထို့အပြင်သူတို့၏စိတ်နှလုံးထဲတွင်လည်းတကယ်တော့ချင်ယုအားအညံ့ခံပြီးသစ္စာစောင့်သိလိုကြနေတာဖြစ်သည်။ဟိုးတုန်းကတည်းကချင်ယုကဘယ်လောက်တောင်ပဉာဏ်ရှိကြောင်းဘယ်လိုများစစ်သားများနှင့်တန်းတူပဲစားသောက်ကြောင်းများကိုကြားနေခဲ့ရတာဖြစ်သည်။ဒါကပတ်ပတ်လည်ကိုပုံမှန်ပျံ့နှံနေကြကောလဟာလများလည်းမဟုတ်သည့်အပြင်ဧကရာဇ်ချင်ယန်နှင့်ပတ်သတ်၍လည်းသူတို့ရင်ထဲတွင်မကျေနပ်ချက်များအားရှိနေခဲ့ကြသည်။

အဆုံးသတ်တွင်သူတို့မှာကမိသားစုဆွေမျိုးအနည်းငယ်မျှပင်မရှိကြတော့သောကြောင့်ချင်ယန်၏ကိုယ်တွယ်သည့်ပုံစံမှာထိုစစ်သားများ့ရဲ့စိတ်နှလုံးသားကိုအေးစက်စေခဲ့သည်။အကယ်၍ထိုသို့သောလူသားမျိုးကိုရာဇပလ္လင်တွင်ဆက်ထိုင်ခွင့်ပြုနေရင်ချင်တိုင်းပြည်ကြီးဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာဘယ်သူကများသိနိုင်မှာလဲ...

ထို့ကြောင့်သူတို့ကမြို့တော်ဝန်၏အလောင်း၊စစ်တပ်အမိန့်နှင့်စစ်တပ်တံဆိပ်များအားတွေ့သည်နှင့်စက္ကန့်ဝက်လောက်အတွင်းပင်စစ်သားများအားလုံးကလက်နက်ချအညံ့ခံကြတာဖြစ်လေ၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now