Arc(1.17)

12.5K 1.8K 29
                                    

Unicode

Arc(1.17) 

The Wild Dragon Proud Day

စီချန်းကလင်းထိန်နေသည့်လေ့လာရေးအခန်းထဲတွင်ထိုင်နေပြီးရှန်းဘီစစ်တပ်အခြေအနေနှင့်ပတ်သတ်ပြီးသူရရှိထားသည့်သတင်းအချက်အလက်များအားလေ့လာနေသည်။

ပတ်ဝန်းကျင်ကအလွန်ကိုတိတ်ဆိတ်ငြိမ်သက်နေပြီးသူစာရွက်လှန်သည့်အသံနှင့်ဖရောင်းတိုင်မှမီးတောက်လေး၏အသံကိုသာကြားနေရလေသည်။

ရုတ်တရက်စီချန်းသည်သူနှင့်အလွန်ရင်းနှီးကျွမ်းဝင်နေသောတေးသီချင်းသံကိုကြားလိုက်ရသည်။သူ့ရဲ့ထွက်ခွာသွားသောဇနီးသည်ကသူ့ရဲ့နားရွက်နားမှာညင်သာစွာတိုးတိုးလေးရေရွတ်နေပြီးဝမ်းနည်းစွာသက်ပြင်းချ၍သူ့ကိုအပြစ်တင်နေသလိုပင်။

စီချန်းရဲ့လက်တွေကချက်ချင်းပင်တုန်လှုပ်သွားပြီးလေကြောင့်လှုပ်ခတ်သွားသည့်ကန်ရေပြင်လိုပင်သူ့နှလုံးသားတွေကဒီထက်ပိုပြီးမတည်ငြိမ်နိုင်ဖြစ်လာရတော့၏။

အတိတ်တုန်းကသူအရမ်းငယ်ရွယ်ခဲ့သည့်အချိန်မှာသူ့မှာမြင့်မြတ်သောဘဝရည်မှန်းချက်များဖြင့်ထာဝရအောင်မြင်နိုင်မည့်အောင်မြင်မှုများကိုလိုခြင်ခဲ့မိသည်။

ထို့ကြောင့်လည်းသူ့ရဲ့ငယ်ချစ်ဦးချစ်ရသူနှင့်လက်ထက်ပြီးနောက်တစ်နေ့မှာဧကရာဇ်၏အမိန့်ကိုလက်ခံရရှိခဲ့သည့်အချိန်တွင်သူချစ်မြတ်နိုးရသူ၏ဝမ်းပမ်းတနည်းနှင့်သူ့ကိုနေခဲ့ရန်တောင်းဆိုမှုကိုလျစ်လျူရှုကာတိုက်ပွဲတိုက်ရန်ထွက်ခွာခဲ့သည်။

သုံးနှစ်အကြာနောက်ဆုံးမှာတော့သူ့ရဲ့အောင်မြင်မှုများကိုကျေနပ်မှုရရှိခဲ့သော်လည်းတစ်ချိန်တည်းမှာပဲသူနှစ်ပေါင်းများစွာမတွေ့ခဲ့ရတဲ့သတို့သမီးအသစ်လေးကအကြီးအကျယ်နေမကောင်းဖြစ်နေကြောင်းသတင်းရရှိခဲ့သည်။သူဘိုင်မြို့တော်ကိုအလျင်အမြန်ပြန်သွားခဲ့ပေမယ့်လည်းသူကနောက်ကျဆဲဖြစ်ခဲ့ပြီးသူမရဲ့နောက်ဆုံးအချိန်လေးကိုပင်မမှီနိုင်ခဲ့ပေ။

ထိုအချိန်မှသာဘယ်လောက်ပဲများပြားလှတဲ့အောင်မြင်မှုတွေရရှိနေပါစေအဲ့ဒါကသူ့ ချစ်ဇနီးရဲ့ပြုံးနေတဲမျက်နှာလေးနဲ့ နှိုင်းယှဉ်လို့မရမှန်းတွေ့ရှိသွားခဲ့ရ၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now