Arc(1.26)

12K 1.9K 36
                                    

Unicode

Arc(1.26)

The Wild Dragon Proud Day

ချင်ယုကအနက်ရောင်မြင်းကြီးကို စီးရင်းပီယန်မြို့တော်ကြီး၏မြို့တော် ဂိတ်ပေါက်ဝအောက်တွင်ရပ်လိုက်သည်။

သူ့နှုတ်ခမ်းတစ်ဝိုက်တွင်မုတ်ဆိတ်မွှေး အနည်းငယ်ရှိနေပြီးသူ့ရဲ့မျက်လုံးအောက် တွင်လည်းအလွန်ကြီးမားသည့်အနက်ရောင်အဝိုင်းများပင်ရှိနေခဲ့ပြီဖြစ်ကာလူတစ်ကိုယ်လုံးအားအလွန်စိတ်ဓာတ်ကျနေသည့် ပုံပေါက်စေသည်။သို့သော်သူ့မျက်လုံးများ ကတော့ပုံမှန်မဟုတ်လောက်အောင် တောက်ပနေပြီးကြည့်ရတာအလွန်ကို အားအင်ပြည့်ဝနေသည့်ပုံပေါ်၏။

(၁၀)ရက်နှင့်(၁၀)ညမနားတမ်း အလျင်အမြန်ပြေးလာခဲ့ကြပြီး နောက်ဆုံးတွင်တော့ချင်ယုက သူဦးဆောင်နေသည့်စစ်တပ်အုပ်စု နှင့်အတူပီယန်မြို့တော်၏မြို့တော် ပေါက်ဝသို့ရောက်လာခဲ့ကြပြီဖြစ်သည်။ ပီယန်မြို့တော်၏တင်းတင်းကြပ်ကြပ် ပိတ်ထားသည့်မြို့တံခါးပေါက်ဝကို တွေ့သည့်အခါမှာတော့ချင်ယု၏ မူလကစိတ်မရှည်ဖြစ်နေသည့် သဘောထားကမသိလိုက်ပါပဲ အေးဆေးတည်ငြိမ်သွားရသည်။

သူကပီယန်မြို့တော်၏အလည်တည့် တည့်မှာတည်ရှိနေသည့်နန်းတော်နေရာ ဘက်ကိုကြည့်လိုက်သည့်အခါမှာတော့ သူ့ရဲ့အကြည့်များကအေးစက်လာခဲ့ပြီး မြင်းဇာတ်ကြိုးကိုကိုင်ထားသည့် သူလက်များမှာလည်းဘာမှ မတတ်နိုင်ပဲတင်းကျပ်သွားမိ၏။

သူပီယန်မြို့တော်အတွင်းသို့လီလျို၏ သတင်းကိုသိရှိရန်သူလျိုများစေလွှတ် လိုက်သည့်အခါမှာလည်းထိုသူလျိုများ ဆီမှမည်သည့်သတင်းမှမရှိခဲ့ပေ။ သူတို့ကိုကျင်းချွန်းမိဖုရားနှင့်ချင်ယန်တို့က ရှာဖွေတွေ့ရှိသွားပြီးသတ်ပစ်လိုက်တာ လည်းဖြစ်နိုင်သည်။

လီလျို၏အခြေအနေကိုအခုအချိန်မှာ ဘယ်လိုဖြစ်နေမလဲမသိခဲ့ရသော်လည်း လီလျိုမှာအသက်အန္တရာယ်ခြိမ်းခြောက် နေသည့်အခြေအနေတွင်မရှိကြောင်း ချင်ယု၏ပင်ကိုယ်သိစိတ်ကသိနေခဲ့သည်။

ပီယန်မြို့တော်..အင်ပါယာနန်းတော်ထဲတွင်...

ချင်ယန်၏မျက်လုံးထဲတွင်သွေးနီရောင် ရဲနေပြီးကြီးမားသည့်နန်းတော်ကြီးထဲ တွင်ပတ်ပတ်လည်လျှောက်သွားနေရင်း သူ့ခြေလှမ်းများကအနည်းငယ်ရှုပ်ထွေး နေပုံရသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now