Arc(1.29)

12K 1.6K 35
                                    

Unicode

Arc(1.29)

The Wild Dragon Proud Days

လီလျိုနှင့်လင်ရိုယန်တို့နှစ်ယောက်လုံးလကမိုးမခင်ပင်ထိပ်ဖျားမှာချိတ်ဆွဲလာသည့်အချိန်ထိပီယန်မြို့ထဲမှာလှည့်ပတ်၍လျှောက်နေကြရင်းဖြင့်နာမည်ကြီးသည့်စားသောက်ဆိုင်တော်တော်များများမှာလှည့်ပတ်လျှောက်စားပြီးမှသာဧကရာဇ်၏နန်းတော်သို့ပြန်သွားကြသည်။

သူတို့နန်းတော်ထဲသို့ရောက်သည်နှင့်တောက်ပသည့်အဝါရောင်နဂါးဝတ်ရုံကိုဝတ်ဆင်ထားလျှက်မတ်တပ်ရပ်နေသည့်ချင်ယုကိုချက်ချင်းပင်မြင်လိုက်ရသည်။

လီလျိုကတော့ချင်ယုကိုစကားမပြောခြင်သေးပေထို့ကြောင့်သူ့ကိုမျက်လုံးထောင့်ကနေသာကြည့်လိုက်ပြီးဖြတ်ကျော်သွားလိုက်သည်။

လင်ရိုယန်ကလီလျို၏လုပ်ရပ်ကိုတစ်ချက်ကြည့်လိုက်ပြီးသူ့နောက်မှအနီးကပ်လိုက်သွားလိုက်သည်။သူမချင်ယုကိုဖြတ်ကျော်လျှောက်သွားပြီးသည့်အချိန်မှာတော့လင်ရိုယန်ကသူမရဲ့နှာခေါင်းသေးသေးလေးကိုရှုံ့လိုက်ပြီးသူမရဲ့မျက်နှာကဂုဏ်ယူမှုဖြင့်ပြုံးသွားတော့လေ၏။

ချင်ယုရဲ့မျက်နှာကချက်ချင်းပင်မှောင်မိုက်သွားတော့သည်။သူကဒီနေရာမှာခြောက်နာရီလုံးလုံးစောင့်ဆိုင်းနေခဲ့ရသော်လည်းလီလျိုဆီကအကြည့်တစ်ချက်ပင်ပြန်မရခဲ့ပေ။အခုချိန်မှာသူတကယ်ကိုအရှေ့ကိုနှစ်လမ်းလောက်တိုးပြီးလီလျိုကိုသယ်လို့သူ့အိပ်ဆောင်ကိုပြန်ခေါ်သွားခြင်နေပေမဲ့သူကို့မြင်သည့်တစ်ခဏမှာပဲပျောက်ကွယ်သွားသည့်လီလျို၏အပြုံးသေးေးလေးကြောင့်သူအတင်းအကြပ်မလုပ်ခြင်ဘူးဖြစ်သည်။သူကဒီအတိုင်းလီလျိုနဲ့လင်ရိုယန်တို့ရဲ့နောက်ကပဲလိုက်သွားပြီးလီလျိုဘယ်ကိုသွားမလဲဆိုတာမြင်ခြင်မိသည်။

လီလျိုနှင့်လင်ရိုယန်တို့သီးခြားဆီလမ်းခွဲလိုက်ကြပြီးနောက်လီလျိုကသူ့အိပ်ဆောင်ရှိသည့်နေရာဘက်သို့လမ်းလျှောက်သွားနေသည်ကိုတွေ့သောအခါချင်ယု၏နှလုံးသားထဲတွင်လျို့ဝှက်စွာပျော်ရွှင်သွားမိပြီးရှ့သို့ခြေနှစ်လမ်းမျှတိုးလိုက်ကာလီလျိုနှင့်ဘေးကပ်ရပ်လျှောက်လိုက်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now