Unicode
Arc(1.34)
The Wild Dragon Proud Day
လီလျိုကလင်ရိုယန်ရဲ့မျက်နှာပေါ်က အမူအယာကိုလှည့်ကြည့်ရန်မဝံ့ရဲသော ကြောင့်လင်ရိုယန်အားပြန်လွှတ်ရန် ချင်ယုကိုသာအကြည့်ဖြင့်ညွှန်ပြနိုင် တော့သည်။
ချင်ယုကတော့သူ့ကိုကြည့်ရင်းလီလျို အကြည့်ရဲ့အဓိပ္ပါယ်ကိုနားမလည် ယောင်ဆောင်နေလေသည်။သူက နောက်တစ်ခါလီလျိုရဲ့နှုတ်ခမ်းအား နမ်းလိုက်ပြီးမှနောက်သို့ခေါင်းလှည့် ကာပြောလိုက်သည်။
"ငါတို့တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာငါးနှစ်တောင်ကြာသွား ခဲ့ပြီဆိုတော့ထိုင်ပြီးလက်ဖက်ရည် လေးဘာလေးသောက်ပြီးစကား စမြည်ပြောကြမလား"
ချင်ယုကထိုစကားအားမေးသည့် အသံဖြင့်ပြောတာမဟုတ်ပဲလုပ်ကို လုပ်ရမည့်အသံဖြင့်ပြောတာဖြစ်သည်။ လင်ရိုယန်၏အဖြေအားစောင့်မနေတော့ ပဲသူကလီလျိုအားချက်ချင်းပင်ဆွဲခေါ် လိုက်ပြီးစားပွဲစွန်းမှာဝင်ထိုင်လိုက် ရင်းဖြင့်လီလျိုအားသူ့ရင်ခွင်ပေါ်တွင် တင်ထားလိုက်သည်။
လင်ရိုယန်၏အမူအယာကတော့တစ် နည်းနည်းဖြင့်ဗလာဖြစ်သွားပြီးသူမ ချင်ယုရဲ့စကားကိုနားထောင်ပြီးသော အခါရူးကြောင်ကြောင်အကြည့်ဖြင့် ချင်ယုနှင့်လီလျို၏ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်မိလေ၏။
သူမထိုင်နေသည့်ရှုထောင့်မှကြည့် လျှင်လီလျို၏ချောမောသောမျက်နှာ ကခပ်ပါးပါးလေးနီနေသည်ကိုရှင်းရှင်း လင်းလင်းပင်မြင်နေရပြီးသူ့ရဲ့မက်မွန် ပွင့်ပုံမျက်ဝန်းများထဲတွင်တော့စမ်းရည် များပြည့်လျှံကျတော့မတတ်ဖြစ်နေသည့် ပုံပေါ်သော်လည်းမည်သည့်မျက်ရည်မှ ကျဆင်းလာခြင်းမရှိပေ။သူ့မျက်ခုံးများ ကတွန့်ချိုးနေပြီးသူ့နှုတ်ခမ်းများမှာ လည်းပေါက်ရာလေးများရှိနေကာ နာကျင်မှုကိုသည်းခံနေသည့်ပုံပေါ်သည်။
နောက်ဆုံးတော့သူ့ကိုကြည့်ရတာ ထပ်သည်းမခံနိုင်တော့သည့်ပုံပေါ် ပြီးချင်ယုဘက်သို့လှည့်၍နူးညံ့စွာဖြင့် တီးတိုးပြောလိုက်လေ၏။
YOU ARE READING
(Completed )The Transmigration Routine of Always Being Captured by ML
Randomမနက်ခင်းတစ်ခုတွင် system နှင့်ချည်နှောင်ခံရပြီးနောက် MC မှာလုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ML ဤဖမ်းဆီးခြင်း/တိုက်ခိုက်ခြင်းအားခံရသည်။ ML ရဲ့ညီငယ်လေးပဲဖြစ်ဖြစ်၊ဆရာပဲဖြစ်ဖြစ်ပြိုင်ဘက်ပဲဖြစ်ဖြစ်ကိစ္စမရှိဘူးဒါပေမဲ့အဆုံးမှာတော့အမြဲတမ်း ML ရဲ့အတင်းအဓမ္မခေါ်ဆေ...