Arc(1.36 -> 4~5)

13.1K 1.9K 114
                                    

Unicode

Arc(1.36 -> 4~5)

The Wild Dragon Proud Day

မျက်စိတစ်မှိတ်အတွင်းမှာပဲညနေခင်း အချိန်ရောက်ရှိလာခဲ့သည်။

အခမ်းအနားကျင်းပသည့်စားသောက် ပွဲကြီးကကျယ်ဝန်းသည့်ခန်းမတစ်ခုထဲ တွင်တည်ရှိပြီးအဆင့်မြင့်စစ်အရာရှိ များအားလုံးထိုနေရာတွင်ရှိနေကြကာ သူတို့ရဲ့ထိုင်ခုံများကိုရာထူးအလိုက်စီ တန်းထား၍တစ်ခြားစစ်သားများကို တော့တစ်ခြားနေရာများတွင်နေရာချ ထားသည်။

လီလျိုကချင်ယုနှင့်တူညီသည့်အရောင် ကိုဝတ်ဆင်ထားသော်လည်းသူ့အကျီ ၏ပုံသဏ္ဍာန်ကအနည်းငယ်ပိုပြီးဆွဲ ဆောင်မှုရှိသည့်ပုံပေါ်ကာသူ့ရဲ့ချောမော သောမျက်နှာကိုပိုပြီးနှိုင်းယှဉ်လို့မရ သည့်အလှဖြစ်အောင်ပြုလုပ်ပေးနေသည်။

ချင်ယုကဝိုင်ကိုသောက်နေရင်းဖြင့် သူ့ဘေးမှာထိုင်နေသည့်လီလျိုဆီက ဘယ်တော့မှမကြည့်မလွှဲခဲ့ပေ။သူမူး မနေခဲ့သော်လည်းသူ့မျက်လုံးများ ကတော့ပြင်းပြသည့်ဆန္ဒများဖြင့် လုံးဝယစ်မူးနေခဲ့သည်။

ပုံမှန်ဆိုရင်တော့လီလျိုကသူ့ဘေးမှ လူ၏ပူလောင်ပြင်းပြသောအကြည့် ကိုခံစားရသော်လည်းလပေါင်းများ စွာကြာအောင်ထိုအကြည့်ဖြင့်ကြည့် ခြင်းခံခဲ့ရတာကြောင့်အခုချိန်မှာတော့ ထိုအကြည့်ဖြင့်လုံးဝကိုအကျွမ်းတဝင် ရှိနေပြီဖြစ်ပြီးသက်တောင့်သက်သာမ ဖြစ်မှုတစ်စုံတစ်ရာပင်မခံစားရတော့ပေ။

အောက်မှာရှိသည့်အရာရှိများနှင့် စစ်သားများကအခါအားလျော်စွာ အထက်မှာရှိသည့်ချင်ယုနှင့်လီလျို တို့ကိုမျက်လုံးထောင့်မှခိုးကြည့်မိ ကြသည်။သူတို့ရဲ့ဧကရာဇ်မင်းက အမျိုးသားဧကရီတစ်ယောက်ကို လက်ထပ်ယူခဲ့တယ်...ဒါကတရာရုံးမှာ လူသိများသောကိစ္စကြီးတစ်ရပ်ဖြစ် သည်။ဒီလူကိုသူတို့ဧကရာဇ်ကနှစ် ပေါင်းများစွာရှာဖို့အတွက်အချိန် အများကြိးပေးခဲ့တာကိုထည့်မပြောနဲ့ဦး။

လီလျိုကတော့သူ့အောက်ကလူများ ၏အကြည့်အားသတိမပြုမိပေ။ဒီ တစ်ခေါက်တော့သူကမည်သည့်ဝိုင် ကိုမှထိခြင်စိတ်မရှိနေဘူးဖြစ်သည်။ နောက်ဆုံးတစ်ခေါက်သူထိလိုက်တဲ့ အချိန်တုန်းကချက်ချင်းအိပ်ယာ ပေါ်ရောက်သွားပြီးချင်ယုအောက် ကိုထိုးထည့်ခံလိုက်ရရင်းတိုက်ရိုက် ကိုချင်ယုဆီကအကြိမ်ပေါင်းများစွာ တစ်ခါပြီးတစ်ခါအစားခံခဲ့ရတယ်လေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now