Part-1

15.4K 1.4K 61
                                    

(Unicode) လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီလောက်က တရုတ်နိုင်ငံမှာ ခုန်ဆွခုန်ဆွနဲ့ လူတွေရဲ့သွေးကို လိုက်စုပ်တတ်တဲ့ ခုန်တစ္ဆေတွေရှိခဲ့တယ်ဆိုတာ အားလုံး သိကြမယ်ထင်ပါတယ်။

ဒါက ဒဏ္ဍာရီလာ ပုံပြင်၊ စိတ်ကူးယဉ်ပုံပြင် မဟုတ်ခဲ့ပါဘူး။ လူသားတွေနေထိုင်တဲ့ ဒီလောကကမ္ဘာကြီးမှာ တကယ်ရှိခဲ့တာပါ။

ဘာဖြစ်လို့ အဲ့ဒီလို မသေနိုင်တဲ့လူ့သွေးစုပ် သားကောင်တွေ ပေါ်ပေါက်လာရသလဲဆိုရင် တရုတ်ဆေးပညာသိပ္ပံအရ ယူဆချက်တစ်မျိုးရှိပါတယ်။

ဒါကတော့ ရှေးခေတ်က လူသားတွေဟာ အလောင်းတွေကို မတ်တတ်မြှုပ်ရာကနေ ဖြစ်လာတာပါပဲ။ လူသေအလောင်းကို မတ်တတ်မြေမြှုပ်တဲ့အခါမှာ လူ့ခန္ဓာကိုယ်အကြောတွေက တောင့်တင်းလာပြီး လူသေပေမယ့် အကြောတွေက မသေပဲ ရှင်ကျန်နေခဲ့တဲ့သဘောပါ။

အဲ့ဒီတောင့်တင်းနေတဲ့အကြောတွေကနေ မေးရိုးဆီကို ရောက်သွားတဲ့အခါ ဦးနှောက်နဲ့စပ်လျှက်ဖြစ်တဲ့မေးကြောတွေက လူသေအလောင်းကို အသက်ပြန်ဝင်စေတာပါပဲ။ ပြီးတော့ အရာတစ်ခုခုကို ကိုက်ချင်တာလို၊ ခြောက်ကပ်နေတဲ့လည်မြိုအတွက် အဆာဖြည့်ချင်တာလိုနဲ့ နောက်ပိုင်း သွေးစုပ်ကောင်ဖြစ်သွားရတဲ့အထိပါပဲ။

ဒါကတော့ ရှေးခေတ်ကနေ ဒဏ္ဍာရီလာ ခုန်တစ္ဆေတွေ စတင်ဖြစ်လာတာကို ဖော်ပြထားတာပါ။ အဲ့ဒီနောက် တစ်ဆင့်ပြီးတစ်ဆင့် အသက်ရှင်ရပ်တည်နေတဲ့လူသားတွေဆီက ကူးစပ်လာတဲ့အခါမှာတော့ သူတို့ဟာ လူသားနီးနီးရပ်တည်နိုင်တဲ့ သွေးစုပ်ကောင်တွေ ဖြစ်လာရပါတယ်။

ယခင်က တောင့်တင်းနေတဲ့သွေးစုပ်ကောင်တွေလို ခုန်ဆွဆွမဟုတ်တော့ပဲ လူတွေနဲ့နည်းတူ လှုပ်ရှားလာနိုင်ပြီး စွမ်းအားလည်း ပိုကြီးလာပါတယ်။ ဒါပေမယ့် သူတို့အကြောက်ဆုံး နေရောင်နဲ့ သူတို့အဆာလောင်ဆုံး သွေးကတော့ ယနေ့ထက်တိုင် မပြောင်းလဲသေးပါဘူး။

သူတို့သွေးကို တောင့်တလာတဲ့အခါ တစ်ခြားလူတစ်ဦးကို ပြန်ပြီးစုပ်ယူသောက်သုံးရာကနေ တဖြည်းဖြည်းနဲ့ vampireမျိုးတွေ ကူးစပ်လာခဲ့ပါပြီ။ ဒီ့အတွက် vampireမျိုးစေ့တွေ မကူးစပ်ဖို့ ဆေးဝါးတွေကို ဖော်စပ်ဖို့ ကြိုးစားနေပါတယ်။ JJVဆိုတဲ့ သုတေသနလုပ်ငန်းက အဲ့ဒီဆေးဖော်ထုတ်ဖို့အတွက် vampireတိုက်ဖျက်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေပါပြီ  . . .

Beijing Vampire(Complete)Where stories live. Discover now