Part-42

2.8K 427 39
                                    

(Unicode)  * ဘယ်ကိုများ သွားနေတာလဲ ကျန့်ကောရယ် ~ *

Nလက်ထဲမှာ ရှောင်ကျန့် အဖမ်းခံထားရသည်ကို မသိတဲ့ရိပေါ်မှာ သူ့ရဲ့တိုက်ခန်းဆီ ပြန်လာလေမလား အထပ်ထပ်အခါခါသွားကြည့်မိသည်။ သူ့ရဲ့ခေါက်ဆွဲဆိုင်လေးကိုလည်း သွားရှာမိသည်။ စစ်ရန်ကျဲရှိနေတဲ့မြစ်ကမ်းနဘေးဆီကို ရောက်ခဲ့ပြီးလေပြီ။
အကြိမ်ကြိမ်ဖုန်းခေါ်သော်လည်း မကိုင်ပေ။

သူသွားတတ်တဲ့နေရာအစုံ လျှောက်ရှာနေခဲ့တာတောင်မှ ရှောင်ကျန့်၏အရိပ်ယောင်ကို မတွေ့ရပဲ တစ်ည ကုန်သွားလေတော့ ဒီလို အေးစက်တဲ့ညကြီးမှာ ရှောင်ကျန့် ဘယ်ကိုသွားနေမှာလဲ ရိပေါ် တကယ် စိတ်ပူနေမိခဲ့သည်။

" ကျွန်တော် တောင်းပန်ပါတယ် ကျန့်ကောရယ်~ ပြန်လာခဲ့ပေးပါ~ ကျေးဇူးပြုပြီး. . "

သူ မရှိတဲ့ရိပေါ်ရဲ့ကမ္ဘာဟာ သွေးပျက်ခြောက်ခြားဖွယ်အတိနှင့် ပြည့်နှက်နေပြီး ရှောင်ကျန့်ဆိုတဲ့စိတ်နဲ့ သူ ဘဝကိုတောင် မေ့သွားရသည်အထိပင်။
သူသာ မရှိရင် ရိပေါ် ဘာမှလုပ်နိုင်တော့မှာ မဟုတ်တဲ့အပြင် ကိုယ့်ကိုယ်ကိုလည်း ပြစ်တင်ပြောဆိုလို့ မဆုံးခဲ့တော့ပေ။

သာယာဖွယ် မနက်ခင်းလေးတစ်ခုဟာလည်း ရိပေါ်အတွက်ယုတ္တိမရှိတဲ့ နေ့ရက်တစ်ခုလိုပင်။
ဖြူဖျော့ဖျော့မျက်နှာနှင့် လမ်းတစ်လျှောက် မျှော်လင့်ချက်မဲ့စွာ လျှောက်လှမ်းနေစဉ် -

" papa mama. . . ဒါလေးကိုကြည့်ပါဦး "

သူနှင့် မလှမ်းမဝေးက လမ်းဘေးလေးမှာ စောစောစီးစီးဈေးဝယ်ထွက်လာကြတဲ့ အားကျစဖွယ် မိသားစုလေးတစ်ခုကို ရိပေါ် လှမ်းမြင်ခဲ့ရလေသည်။ သူတို့ကို မြင်လိုက်ရတော့ ရိပေါ်မှာ သူရက်စက်စွာစွန့်ပစ်ခဲ့မိတဲ့ကလေးလေးကို ပြန်မြင်ယောင်ရင်း စိတ်အားငယ်လာမိသည်။

" ကျွန်တော် သူ့ကို စွန့်ပစ်ခဲ့တာ မှားသွားတယ် ကျန့်ကော ~ "

သူသာ မစွန့်ပစ်ခဲ့ရင် အခုဆို ရှောင်ကျန့်နဲ့အတူ မိသားစုဘဝလေးကိုများ သူရနေခဲ့မလား?
ဒါပေမယ့် အဲ့ဒီအတွေးဟာလည်း စိတ်ကူးသပ်သပ်သာ ဖြစ်နေမှာ သေချာပါသည်။ သူတို့သုံးယောက် အတူတူပျော်ရွှင်နိုင်ဖို့ ဆိုတာ ဖြစ်မှ မဖြစ်နိုင်ပဲ။

Beijing Vampire(Complete)Where stories live. Discover now