Part-48

2.7K 387 57
                                    

(Unicode)  သူ ဓါးနှင့်ခုတ်ခဲ့သည့်ဒဏ်ရာဟာ တစ်ရက်တည်းနဲ့ပျောက်စရာအကြောင်းမရှိ၍ ရိပေါ် ပင်းကိုကြည့်ရင်း ငိုင်သွားမိသည်။ ပင်းကတော့ သူ့ကို ရင်းနှီးခင်မင်နေသည့်အပြုံးဖြင့် ပြုံးပြကာ သူ့ပုခုံးပေါ် လက်တင်လာခဲ့၏။

" တော်ပါတယ် ဝမ်ရိ။ အခုလို ဆုံးဖြတ်လိုက်တာ ကောင်းပါတယ် "

" ဗျာ? ဘာကိုလဲ? "

အားလုံးရဲ့အရှေ့မှာ သူ့ကို ကလေးတစ်ယောက်လို ချီးမွမ်းခန်းဖွင့်နေလေတော့ ပင်း ဘာတွေကြံစည်နေပြန်ပြီလဲမသိတာမို့ ရိပေါ် တော်တော် အကြပ်ရိုက်သွားခဲ့လေသည်။ ထိုအခါ ပင်းက ဖော်စပ်သူတွေဘက်ကို မျက်နှာလှည့်ကာ အပြုံးတစ်ခုနှင့် စကားဆိုလာတော့၏။

" ဒီစာအုပ်ကို အမှန်တော့ ဝမ်ရိပေါ် သိမ်းထားခဲ့တာကြာပါပြီ။ ဆေးဖော်စပ်တဲ့နည်းကို သူ မအောင်မြင်စေချင်လို့ပါ။ ဘာလို့လဲဆိုတော့ သူက vampireကိုယ်ဝန်သည်နဲ့ ချိတ်ဆက်နေခဲ့လို့ပါပဲ။ "

" ဆရာပင်းဘာတွေပြောနေတာလဲ? "

ရုတ်တရက်ကြီး သူ့အမှုကို သူများအမှုဖြစ်အောင် ပြောင်းပြောနေပြန်၍ ရိပေါ်မှာ ခေါင်းမီးတောက်လာကာ ပင်းကို ကြားဖြတ်မေးမိသည်။ သို့သော် ပင်းက သူ့စကားကို အရေးမမူပဲ ဆက်သာပြော၏။

" တစ်ခါက meetingမှာ ပြောဖူးတဲ့vampireကိုယ်ဝန်သည်ကို အားလုံးသိမယ်ထင်ပါတယ်။ ဝမ်ရိပေါ်က သူ့ကို ဖွက်ထားပေးခဲ့ပြီး အခုဆို သွေးစုပ်ကောင်လေးတစ်ကောင်ပါ မွေးဖွားလာခဲ့ပါပြီ။ သူတို့နှစ်ယောက်ကို ဌါနကို ပို့ဖို့ ဝမ်ရိကို ကျုပ်တိုက်တွန်းခဲ့ပေမယ့် vampireတွေကို အကူညီပေးလိုတဲ့စိတ်နဲ့ ဆေးစာအုပ်ကိုပါ ဖျောက်ထားခဲ့တာပါ။ ဘယ်လိုလဲ ဝမ်ရိ . . အခုတော့ အမြင်မှန် ရသွားပြီပေါ့လေ။ အဲ့ဒီရှောင်ကျန့်နဲ့ကလေး ဘယ်မှာလဲ? "

စကားပြောတဲ့နေရာမှာ အရမ်းလှည့်ကွက်ဆန်လှတဲ့ပင်းကြောင့် ရိပေါ်မှာ စိတ်ကသိကအောက်ဖြစ်ရပြီး ဖော်စပ်သူတွေဆီက အကြည့်စိမ်းတွေကို သူရင်ဆိုင်လိုက်ရသည်။

" ပင်းပြောတာ အမှန်ပဲလား ဝမ်ရိပေါ် "

အားလုံးကလည်း ပင်းစကားကို ယုံချင်သလိုဖြစ်ကာ ရိပေါ်ကို မေးလာကြတော့ ရိပေါ် အံကြိတ်လိုက်မိပြီး ပင်းကို စူးစိုက်ကြည့်လာခဲ့သည်။
တစ်ချက်ခုတ် နှစ်ချက်ပြတ်နည်းနဲ့ သူ့အပြစ်ကိုဖုံးလိုက်သည်က ပညာသားပါလွန်းတာမို့ ရိပေါ် မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိပါသည်။

Beijing Vampire(Complete)Where stories live. Discover now