Part-57

2.1K 329 45
                                    

(Unicode) ဖေးဟုန်လေး စိတ်တိုင်းကျ သူကစားချင်တာတွေကို ရိပေါ်နဲ့ ရှောင်ကျန့် လိုက်ကစားပေးရင်း ကစားကွင်းမှာ အဖိုးမဖြတ်နိုင်သည့်ပုံရိပ်တွေကို သူတို့ဖန်တီးနေခဲ့ကြ၏။

မမောနိုင်တဲ့ဖေးဟုန်လေးကလည်း ချားလှည့်ပတ်စီးရင်း ကစားကွင်းထဲ မသွားဖူးတဲ့နေရာမရှိအောင် လျှောက်ပတ်ပြေးကစားနေခဲ့သည်။

" ဖေးဟုန်ရေ စောင့်ဦး "

ရှောင်ကျန့်နဲ့ရိပေါ်မှာလည်း သူလေးကို လိုက်ထိန်းရတာ အမော။ ဒါပေမယ့်လည်း သူတို့အတူတူပထမဆုံး လျှောက်လည်ဖူးတာမို့ အမောကို အပျော်အဖြစ်ပြောင်းလဲရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့၏။

" ပါပါး အဲ့ဒါဘာကြီးလဲ? သားလည်း လုပ်ချင်တယ်။ သားလည်းလုပ်ချင်တယ် "

ဒါ့အပြင် ကစားကွင်းထဲမှာ တစ်ခြားကလေးတွေ ဆော့ကစားနေကြတဲ့ မှုတ်လိုက်တိုင်းထွက်လာတတ်တဲ့ပူဖောင်းလေးတွေကို ဖေးဟုန် သဘောတွေ့သွားတဲ့အခါ. . .
သူ့ဆန္ဒအတိုင်း ပူဖောင်းဗူး သုံးလေးဗူးလောက် ဝယ်ပေးလိုက်ရ၏။

" ဟီးဟီး. . . ဖူး ဖူးဖူး . . . "

ပူဖောင်းဗူးတွေ သူ့လက်ထဲ ရောက်သွားခါမှ ဖေးဟုန်လေးတစ်ယောက် လျှောက်ပတ်ပြေးလွှားမနေတော့ပဲ ကစားကွင်းထဲက ခုံတန်းလေးတစ်ခုမှာ ထိုင်ကာ ပုဖောင်းမှုတ်နေတော့သည်။

" ဟူး မောလိုက်တာ "

သူလေး ထိုင်တော့မှပဲ ရှောင်ကျန့်နဲ့ရိပေါ်လည်း နားရတော့၍ သူလေးဘေးမှာ အတူတူထိုင်ဖြစ်ရင်း ရှောင်ကျန့်သက်ပြင်းချကာ ရေရွတ်လိုက်မိ၏။ တစ်ချိန်လုံး ဖေးဟုန်နောက်လိုက်နေရ၍ ရှောင်ကျန့်မောနေမှန်းသိတဲ့ရိပေါ်မှာ သူ့လက်က အင်္ကိျီစကို လက်ဖဝါးထက်ထိ ဆွဲလိုက်ပြီး ရှောင်ကျန့်နားထင်က ချွေးတချို့ကို သုတ်ပေးလာသည်။

သူ့နားထင်ထက်၌ နူးညံ့တဲ့အထိအတွေ့တို့ ကျရောက်လာတဲ့အခါ ရှောင်ကျန့်ရင်ထဲ လေပြေအေးလေးများ တိုးဝှေ့သွားသလို ခံစားလိုက်ရ၍ ရိပေါ်ကို နှစ်လိုဖွယ်အပြုံးတချို့ဖြင့် စိုက်ကြည့်လာခဲ့သည်။

" မောနေပြီလား? "

ထို့နောက် ရိပေါ်က သူ့ကို စိတ်ပူစွာမေးမြန်းလာတဲ့အခါ ရှောင်ကျန့် ပြုံးထားမြဲပြုံးထားကာ ခေါင်းရမ်းပြလိုက်၏။

Beijing Vampire(Complete)Where stories live. Discover now