Part-27

3.6K 535 57
                                    

(Unicode) သို့သော် ကြားလိုက်ရတဲ့စကားက မိဘမဲ့ဆိုတာထက် ပိုဆိုးနေလွန်း၍ မေးမိတဲ့ ရှောင်ကျန့် မျက်နှာပျက်သွားခဲ့သည်။ ဘာလို့များ သူ့ကို အမွေဖြတ်လိုက်တာလဲ သိချင်၍ ရှောင်ကျန့်ဆက်မေးမိတော့-

" ဘာလို့ အမွေပြတ်ရတဲ့အထိ စွန့်လွှတ်ရတာလဲ? "

" သူတို့ မယုံတဲ့ vampire တိုက်ဖျက်ရေးအလုပ်ကို လုပ်လို့ "

ရိပေါ်ဘဝကလည်း သူထင်တာထက် ပိုဆိုးရွားနေမှန်း သိတော့ ရှောင်ကျန့်ဆက်မမေးမိပဲ မျက်လွှာလေးချထားကာ ငြိမ်နေခဲ့သည်။ ရိပေါ်မှာတော့ သူ့ဘဝကို သူပြန်တွေးရင်း မြစ်ပြင်ကြီးကို ငေးကြည့်ကာ သက်ပြင်းအကြိမ်ကြိမ်ချနေလေ၏။

မျက်နှာကလည်း မှုန်သုန်ပြီး ညှိုးငယ်နေ၍ သူစိတ်မကောင်းဖြစ်မှာဆိုးသည်မို့ ရှောင်ကျန့်တစ်ယောက် တက်ကြွစွာ စကားလမ်းလွှဲပေးလာ၏။ 

" ကဲပါ။ ဝမ်းနည်းစရာတွေ မမေးတော့ပါဘူး။ ငါက ပေကျင်းရိုးရိုးကျောင်းဆင်းပါ။ အရင်က ဦးလေးနဲ့အတူနေတယ်။ အခုတော့ သိတဲ့အတိုင်း တစ်ကောင်ကြွက်ပဲ "

သူမိတ်ဆက်လိုက်တော့ ရိပေါ်က ချက်ချင်းပဲ စိတ်ညစ်စရာတွေ ဖျောက်ပစ်ပြီး အပြုံးလေးဖြင့် ပြန်မိတ်ဆက်လာခဲ့သည်။

" မင်းက တော်တော်အောက်တာပဲ။ ငါက သိပ္ပံနဲ့နည်းပညာကျောင်းဆင်းကွ။ ဟားဟား မင်းထက် စီနီယာကျတယ် "

" ဘာကွ "

နှစ်ယောက်သား ဆက်ဆံရေးအဆင်ပြေပြီဆိုလျှင် ရိပေါ်က မခံချင်အောင် စနောက်လာတတ်၍ ရှောင်ကျန့် တော်တော်သည်းခံပြီး ထိန်းလိုက်ရသည်။ ယခင်က မျက်နှာလေး ညှိုးငယ်နေသော်လည်း အခုတော့ သနားရက်စရာမရှိအောင် မာန်ထောင်ပြီး ပြောင်စပ်စပ်လုပ်နေသေး၍ မျက်နှာအမျိုးမျိုးပြောင်းတတ်တဲ့ရိပေါ်က သရုပ်ဆောင်သင်တန်းပဲ တက်ထားလေသလားဟု ထင်မိပါရဲ့။

" ဟုတ်တယ်လေ။ ငါတို့ကျောင်းက စီနီယာကျတယ်လေ။ မဟုတ်ဘူးလား မဟုတ်ဘူးလား? "

ထို့နောက် လျှာတစ်လစ်ထုတ်ပြကာ မလုပ်ဖူးတဲ့ကလေးအကွက်တွေ ထုတ်သုံးပြီး စနောက်လာတော့ ရှောင်ကျန့် မခံချင်စိတ်နှင့် ပြန်ပြောလာသည်။

Beijing Vampire(Complete)Where stories live. Discover now