Part-4

6.9K 971 23
                                    

(Unicode) ဒီလိုနဲ့ တစ်ခုသော မနက်မိုးသောက်မှာတော့ -

ခွေးသွေးနှင့် မဆံ့ရင်ကယ်အသက်ဆက်ရှင်နေရသော ရန်ကျဲတစ်ယောက် ခွေးအလောင်းကို ဖျောက်ဖို့ တိုက်ခန်း၏အနောက်ဘက်ခြံထဲသို့ ခိုးထွက်လာခဲ့သည်။
ခွေးအလောင်းကိုလည်း ကြွတ်ကြွတ်အိတ်အမည်းနှင့် သေချာထုတ်ပိုးပြီး ခြံအနောက်ဘက်က သစ်ပင်တစ်ပင်အောက်၌ တိတ်တဆိတ် မြေတူးနေ၏။

** ဘာပဲဖြစ်ဖြစ် အဲ့ဒီလူ မရိပ်မိအောင် နေရမယ်။ မဟုတ်ရင် ငါရော ကလေးရော ဒုက္ခရောက်ရလိမ့်မယ် **

မြေကျင်းဟာ အနည်းငယ်နက်လာတော့ အထုတ်ကြီးကို ပစ်ထည့်ရင်း အပေါ်ကနေ မြေပြန်ဖို့နေခဲ့သည်။

" အဲ့ဒါက ဘာလုပ်နေတာလဲ? "

ဒီအချိန်ဆို မရှိလောက်တော့ဘူး ထင်နေမိပေမယ့် နောက်ကျောမှ အေးစက်စက်လေသံကြောင့် စစ်ရန်ကျဲ တော်တော်ပင်ထိတ်လန့်သွားရသည်။ သို့ပေမယ့် ဘာမှမဖြစ်သည့်ပုံစံနှင့် ဟန်ဆောင်ပြုံးရင်း တစ်ဖက်သို့ လှည့်ကြည့်လိုက်၏။

တစ်ဖက်မှာက သူ့ကို မသင်္ကာစွာစူးစိုက်ကြည့်နေသည့် ရိပေါ်ကို တွေ့ရသည်။

" ဘာမလုပ်ပါဘူး မောင်လေးရဲ့။ မွေးထားတဲ့ခွေးလေး သေသွားလို့ လာမြှုပ်နေတာပါ။ မြင်လည်းမမြင်ဖူးပါလား? အသစ်ထင်တယ် "

သူ့ကိုလာဖမ်းတဲ့သူမှန်း သိပေမယ့် ဟန်ဆောင်ကောင်းစွာ မသိသလိုနေနေ၍ ရိပေါ် မချိပြုံးပြုံးလာခဲ့သည်။

" ကျွန်တော့်ကို မသိဘူးဆိုတော့ မိတ်ဆက်ပေးရတာပေါ့။ ကျွန်တော်က လူတွေရဲ့အသက်ကိုနှုတ် ဂုတ်သွေးစုပ်တတ်တဲ့ သွေးစုပ်ကောင်တွေကို နှိမ်နှင်းတဲ့သူတစ်ယောက်ပါ။ ဒီပတ်ဝန်းကျင်တစ်ဝိုက်မှာ သွေးစုပ်ကောင်အနံ့ရနေလို့ လာကြည့်တာ။ အမဖြစ်နေတာကိုး "

" သြော်။ အမ ဘာမှမသိပါဘူး။ ရှာစရာရှိတာ ဆက်ရှာပါနော်။ အမသွားတော့မယ် "

သူ့ကိုစောင်းပြောနေမှန်းသိတာကြောင့် စစ်ရန်ကျဲ စကားကို လွှတ်အောင်ရှောင်ပြောရင်း တစ်ဖက်သို့ အမြန်လှည့်ထွက်လိုက်သည်။

Beijing Vampire(Complete)Where stories live. Discover now