Part-70

2.6K 328 31
                                    

(Unicode)  ဖေးဟုန်လေးဟာ ဆေးထိပြီး သေဆုံးခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် Vampireတိုင်းက မကောင်းတဲ့စိတ်ဓါတ်ရှိနေကြတာ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့JJVခေါင်းဆောင်တွေဟာ အပြစ်မရှိပဲ သေဆုံးခဲ့ရတဲ့ဖေးဟုန်အပေါ် သနားစိတ်ဝင်ခဲ့ကြပြီး ဖြေဆေးတစ်မျိုးကို စတင်ဖော်ထုတ်နေခဲ့ခြင်းဖြစ်ပါတယ်။

Vampireတွေက သူတို့တီထွင်ခဲ့တဲ့ဆေးကို ထိပြီး သေဆုံးနိုင်ပေမယ့် ဖြေဆေးရှိခဲ့လျှင် ပြန်ပြီးအလုပ်လုပ်လာနိုင်တာမို့ ငွေဓါးနှင့် သတ်ဖြတ်သလောက်တော့ မဆိုးရှာပေ။ နောက်ပြီး ဒီဖြေဆေးအကြောင်းကိုလည်း မည်သူမျှမသိအောင် တိတ်တိတ်လေး ဖော်ထုတ်နေခဲ့တာမို့ အကြောင်းစုံသိနေတဲ့ရှောင်ကျန့်က ရိပေါ်ကို မပြောသေးဖို့ ဆုံးဖြတ်ထားခြင်းပင်။

သို့သော်လည်း အဲ့ဒီကောင်လေးက သူ့ကို မခံစားနိုင်အောင် ငိုပြနေခဲ့လေတော့ မနေနိုင်ပဲ ရှောင်ကျန့် ဖွင့်ပြောလိုက်ရခြင်းပင်။ ဆေးက အခုမှ စတီထွင်တုန်းမို့ အောင်မြင်မလား ရှုံးနိမ့်မလားဆိုတာတော့ မပြောတတ်။

လောလောဆည်တော့ ဖေးဟုန်လေးဟာ သူတို့ဆေးစမ်းသပ်ခန်းက မှန်လုံအိမ်လေးတစ်ခုမှာ ထည့်ထားခြင်းကို ခံနေရသည်။ မှန်လုံအိမ်ထဲမှာ ငြိမ်သက်စွာအိပ်စက်နေသော ဖေးဟုန်လေးကို ရိပေါ်ရဲ့အဖွဲ့သားတွေဆီ vedio callခေါ်ပြသည်ကနေ တစ်ဆင့် ရိပေါ်မြင်ခဲ့ရပေမယ့် စိတ်မကောင်းဖြစ်မိတဲ့စိတ်ကတော့ သိပ်ပြီး ပြေလျော့မသွားသေးပေ။

အခုက ဖေးဟုန်လေး အသက်ဘေးနဲ့ ရင်ဆိုင်နေရတာမို့ ဆေးအောင်မြင်ဖို့သာ ရိပေါ် ဆုတောင်းနေခဲ့မိသည်။

" ကျွန်တော် ဖေးဟုန်လေးကို သွားတွေ့ချင်တယ် ကျန့်ကော "

Screenပေါ်က မြင်ရတာက ရိပေါ်အတွက် သိပ်ပြီး ဟန်မကျတာမို့ ကိုယ်တိုင်သွားတွေ့ဖို့ စိတ်ပြင်းပြကာ ကုတင်ကနေ ဆင်းဖို့ရွယ်တော့ ရှောင်ကျန့် လက်မခံပဲ သူ့ရင်ခွင်ထဲမှာသာ ရိပေါ်ကို ဆွဲသွင်းပြီး တားမြစ်ထားလိုက်လေသည်။

" မရဘူး ရိပေါ်။ မင်း မသွားရဘူး။ မင်းမှာလည်း ဒဏ်ရာနဲ့ဆိုတာ သတိရဦး။ အခုချိန် မင်းလမ်းလျှောက်ဖို့ကြံလိုက်ရင် ခွဲစိတ်ထားတဲ့ဒဏ်ရာတွေက ပိုဆိုးသွားပြီး ဒီတစ်သက် လမ်းမလျှောက်နိုင်ပဲ ဖြစ်သွားမယ်။ ငါ့စကားကို နားထောင်ပါ ရိပေါ်ရယ်။ "

Beijing Vampire(Complete)Where stories live. Discover now