Character Intro

4.1K 363 15
                                    

(Uni) Vampireအကြောင်း သိကောင်းစရာလေးတွေ တချို့ကို ပြောပြမယ်နော်. .
ကိုယ်လည်း သိလှချည်ရဲ့မဟုတ်ပေမယ့် လေ့လာထားတာလေးတွေကို ဝေမျှပေးပါ့မယ်။

သာသာအခုရေးထားတဲ့ vampireမျိုးနွယ်က
သာမန်မျိုးနွယ်အပိုင်းကို ရေးထားတာပါ။
(vampireအကြောင်း အကုန်ပြောပြရင် ဒီတစ်ည ပြီးမှာမဟုတ်လို့ ဒီဇာတ်လမ်းလေးက သိစရာလေးပဲ ပြောပေးမယ်နော် )
(ထပ်သိချင်ရင်လည်း လိုင်းမှာ လာမေးကြပါလို့😌)

သာမန်မျိုးနွယ်တွေက လူတွေနဲ့ရောနှောနေနိုင်ကြတယ်။ လူသားတွေစားတဲ့အစာကို စားနိုင်တယ်။ နေရောင်က သူတို့ကို သေစေနိုင်တဲ့အထိမဟုတ်ပေမယ့် အားနည်းတာ၊ ဒဏ်ရာရတာ စသဖြင့်ဖြစ်တတ်ပါတယ်။ အသက်ဆက်ရှင်ဖို့အတွက် (အမဲသွေး၊ ဒါမှမဟုတ် တိရစ္ဆာန်တစ်ကောင်ရဲ့သွေး) စသည်တို့ကို မှီဝဲတတ်ကြတယ်။
ဒါပေမယ့် ရေငံလို သောက်လေသောက်လေ ငတ်မပြေဆိုသလိုမျိုးပေါ့။ တိရစ္ဆာန်သွေးနဲ့ မလုံလောက်တဲ့အခါ လူသွေးကို ရယူကြပါတယ်။
လပြည့်ညဆိုတာ သူတို့ရဲ့ကျက်စားရာအချိန်အခါပဲဖြစ်ပါတယ်။
အကိုက်ခံရတဲ့လူသားတွေကလည်း ပျမ်းမျှအားဖြင့် vampireအသွင် ကူးစပ်တတ်ပါတယ်။

ဒါပေမယ့်သူတို့ကတော့ အသွင်မပြောင်းနိုင်ပါဘူး။ ဒါ့အပြင် သူတို့ကို သတ်နိုင်တာက ခေါင်းဖြတ်သတ်ရတာပါပဲ။ တချို့က နည်းလမ်းလေးတွေ လွဲနေတာ တွေ့ရတယ်။ တကယ်တော့ သူတို့ကို သတ်ဖို့ ငွေဓါးလိုအပ်ပြီး ခေါင်းဖြတ်သတ်မှ သေတာပါ။

ကျန်တာကတော့ သာသာ့ရဲ့စိတ်ကူးယဉ်ဇာတ်လေးပဲဖြစ်တာမို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေခြင်း အလျှင်းမပါပါဘူးနော်။
ကဲ အာ့ဒါဆို characterလေးတွေ ပြောပြပေးပါ့မယ်

________________

(Zawgyi) Vampireအကြောင်း သိကောင်းစရာလေးတွေ တချို့ကို ပြောပြမယ်နော်. .


Beijing Vampire(Complete)Where stories live. Discover now