Part-51

2.3K 342 28
                                    

(Unicode)  ပေါက်~ ပေါက်~ ပေါက်~

အိပ်စက်နေခြင်း၏လွှင့်ပျယ်မှုနောက်တွင် မာကျောသောတစ်စုံတစ်ရာပေါ်သို့ ရေစက်တို့ တပေါက်ပေါက်ကျသံကို ကြားလာရတဲ့အခါ မှိတ်ထားသောယွမ်ဖေး၏မျက်ဝန်းများဟာ ယဲ့ယဲ့လေး စတင်လှုပ်ခတ်လာတော့၏။
ကျစ်ယွမ်ဖေး~ ~

ထို့အပြင် နားထဲ၌ တစ်စုံတစ်ယောက်က သူ့ကို ဆွဲခေါ်နေသည့်အသံကို လှိုဏ်ခေါင်းထဲက ကြားနေရသလို ခံစားလာရတော့ . . ယွမ်ဖေး မနေနိုင်တော့ပဲ မျက်ဝန်းများကို ဖွင့်ဟလိုက်မိသည်။

" ခင်ဗျား ဘယ်သူလဲ? "

အမြင်လွှာတစ်ခုလုံးမှာလည်း အမှောင်ပိတ်ဖုံးနေပြီး လူရိပ်တစ်ခုကို ဝေဝါးစွာ မြင်လိုက်ရ၍ သူ့ကိုခေါ်နေသောထိုလူဟာ ဘယ်သူလဲဆိုတာ ယွမ်ဖေးသိချင်သွားရသည်။ ထိုအခါ တစ်ဖက်မှ လည်ပင်းအက်ကွဲသံနှင့်ပြန်ဖြေလာသည်ကို သူလက်ခံရခဲ့၏။

" ငါက သားသတ်သမားဂျင် "

ဘာပဲဖြစ်ဖြစ် ပင်းနှင့်ပတ်သက်ပြီး ဂျင်ကိုသိခဲ့၍ ပေါ့ပေါ့ပါးပါးလေး သူပြန်မေးလိုက်မိသည်။

" အကိုပင်း . .အယ် Nဆီကို လာတာလားဟင်? ကျွန်တော် ဘာပြောပေးရမလဲ? "

" အသက်ရှူကြပ်တယ်လို့ . . အရမ်းလည်းအေးတယ်လို့ ပြောပေး "

" ဗျာ "

ပြောပုံဆိုပုံဟာလည်း သာမန်နဲ့မတူပဲ တစ်ကိုယ်လုံးက ရေတွေဟာ ကြမ်းပြင်သို့ အဆက်မပြတ်ကျနေလေတော့ ယွမ်ဖေးလန့်ပြီး သေချာစူးစိုက်ကြည့်လိုက်မိသည်။
ထိုအခါ ဂျင်က ရေစိုရွှဲနေသည့်ကိုယ်နှင့် ယွမ်ဖေးအနားသို့ တဖြည်းဖြည်းတိုးကပ်လာကာ မခံမရက်နိုင်သော ကြောက်စရာမျက်နှာကြီးဖြင့် အော်ဟစ်ပြောလာတော့သည်။ . .

" ငါအရမ်းအေးနေတယ်လို့ . . ဘာလို့ငါ့ကို ရက်စက်ရတာလဲလို့ . . ဘာလို့ ငါ့ကို မြစ်ထဲပစ်ချခဲ့တာလဲလို့ "

" အားး အားးးးးး "

သူ့မျက်ဝန်းရှေ့ကို ထိတ်လန့်စရာကောင်းသောမျက်နှာကြီးနှင့် ရောက်ရှိလာသော ယွမ်ဖေး အရမ်းလန့်သွားပြီး အိပ်ယာနှင့် ကျောကို ဆတ်ခနဲ ခွါလိုက်မိသည်။

Beijing Vampire(Complete)Onde histórias criam vida. Descubra agora