Part-62

2K 290 20
                                    

(Unicode) ဌါနထဲကနေ ရှောင်ကျန့်ထွက်သွားပြီးမကြာမှာ မီးတွေပြန်ပွင့်လာပြီး လုပ်ငန်းစတင်ဖို့ အဖွဲ့သားတွေ ပြန်လည်လှုပ်ရှားလာကြတော့သည်။

" စမ်းသပ်မှုနဲ့ပတ်သက်ပြီး အားလုံးကို ပြောစရာလေးလည်းရှိတယ်။ အထက်ကနေလည်း အပြစ်သားကို အမိန့်ချပေးလိုက်ပြီမို့ meetingလုပ်မှ ဖြစ်မယ် "

ဒါ့အပြင် ဆေးသုတေသနအဖွဲ့သားတွေနဲ့ တစ်ခြားဌါနအသီးသီးက အဖွဲ့သားတွေ စုစည်းပြီး အသေးစားmeetingတစ်ခုကို စတင်လုပ်ခဲ့ကြလေသည်။

Tin~ ~

ထိုmeetingမှာ အပြစ်သားဖြစ်နေတဲ့ရိပေါ်ကိုလည်း အမိန့်ချမှတ်ပေးတော့မည်မို့ သူ့ကို အဖွဲ့သားတချို့က meetingထိုင်ဖို့ လာခေါ်ကြတော့သည်။
သူ့အခန်းထဲသို့ အဖွဲ့သားတွေရောက်လာတော့ ရိပေါ်တစ်ယောက် လေးလံနေသောမျက်ဝန်းများကို အားစိုက်ဖွင့်ကြည့်ရင်း . . .

ဖျောက်~
အဖွဲ့သားတစ်ဦးက ကုဒ်ပက်စ်ဝက်အမှန်ကို နှိပ်ပေးလိုက်၍ သူ့လက်မှာ သံကြိုးတွေရဲ့ထိန်းချုပ်မှုကနေ လွတ်ကင်းသွားခဲ့လေသည်။ ရိပေါ်လည်း သူ့ကိုဘာလို့လွှတ်ပေးတာလည်း နားမလည်၍ ထိုလူတွေကို မော့ကြည့်လိုက်စဉ် -

" ဝမ်ရိအတွက် အပြစ်ဒဏ် ချမှတ်ပေးမှာမို့ လိုက်ခဲ့ပေးပါ "

ထိုလူတွေက သူ့ကို ဝန်းရံပြီး meeting roomထဲသိ့ု ခေါ်ဆောင်သွားကြတော့၏။ ရိပေါ်မှာ အဖွဲ့သားတွေနောက်ကို လိုက်သွားရပေမယ့် အပြစ်ဒဏ်သတ်မှတ်ပေးမည်ဆိုတာထက် ရှောင်ကျန့်ကို ပို၍စိတ်ပူနေခဲ့သည်။ ဒီအချိန်ဆို ရှောင်ကျန့် အပြင်မှာ ဘာတွေဖြစ်နေပြီလဲ တွေးတောရင်း . . ခန်းမထဲသို့ တမှိုင်မှိုင်တတွေတွေနှင့် ရောက်ရှိသွားခဲ့လေသည်။

** ဆရာပင်းက ဘယ်ရောက်သွားတာလဲ? **

ထို့အပြင် meetingခန်းမှာ အဖွဲ့သားတွေစုံနေပြီးဖြစ်သော်လည်း ပင်းကို မတွေ့ရ၍ ရိပေါ် အနည်းငယ်တွေဝေသွားကာ ဟိုဟိုဒီဒီ မျက်စိပတ်ရှာလိုက်မိ၏။ သို့သော် ပင်းကို အရိပ်အယောင်တောင် မတွေ့ခဲ့ရပေမယ့် တစ်ဖက်မှာ သူနဲ့အတူ တိုက်ဖျက်ရေးဝင်ခဲ့တဲ့အဖွဲ့သားတချို့ရဲ့စိတ်မကောင်းဖြစ်နေတဲ့မျက်နှာတွေကို ပက်ပင်းတွေ့လိုက်ရတဲ့အခါ  ရိပေါ် ဆက်မရှာတော့ပဲ မျက်လွှာကို ချထားလိုက်မိလေသည်။

Beijing Vampire(Complete)Where stories live. Discover now