Part-38🚨

6.1K 463 34
                                    

(Unicode) သူ့ရင်ဘတ်ကို လက်နှင့်ပုတ်ပြရင်း ရှေ့သို့ ဆက်တိုးလာလေတော့ ရှောင်ကျန့်မှာ အရှက်အကြောက်ကြီးနေသည့်ပုံဖြင့် အနောက်သို့ တဖြည်းဖြည်းဆုတ်မိသည်ကနေ ကုတင်ခြေရင်းသို့ ရောက်သွားခဲ့လေသည်။
ထပ်ပြီးလည်း နောက်ဆုတ်ဖို့လည်း မရှိတော့တာမို့ ကုတင်ဘက်ကို လှည့်ကြည့်ပြီး ရိပေါ်ဘက်ကို ပြန်လှည့်လိုက်မိတော့ . . .

သူ့ပါးပြင်ပေါ်သို့ ရိပေါ်ရဲ့နူးညံ့တဲ့လက်ချောင်းများ အမှတ်မထင် ကျဆင်းလာခဲ့၍ ရှောင်ကျန့်တစ်ကိုယ်လုံးဓါတ်လိုက်သလို တွန့်သွားခဲ့မိလေသည်။

" ဘာ ဘာလုပ်တာလဲ? "

ဒါ့အပြင် ရိပေါ်က သူ့ရဲ့ပါးပြင်လေးကို ခပ်ဖွဖွပွတ်သပ်ရင်း လည်တိုင်ထက်သို့ ကျဆင်းလာလေတော့ ရှောင်ကျန့်မှာ အနေခတ်လွန်းပြီး မျက်နှာတွေ ပူလာခဲ့၏။ ရိပေါ်မှာတော့ သူ့ရဲ့ရှက်ရမ်းရမ်းနေသည့်ပုံရိပ်လေးက စွဲမက်ဖွယ်ကောင်းလွန်းနေတာမို့ မျက်နှာချင်းကို ထိကပ်လုနီးပါး တိုးလာရင်း ရှောင်ကျန့်စိတ်လှုပ်ရှားစေမယ့်စကားတွေကို ဆိုလာခဲ့သည်။

" ကျန့်ကော ကျွန်တော့်ကို ချစ်နေတယ်မလား? နည်းနည်းလေးတောင်မဟုတ်ဘူး။ အများကြီးလေ "

အရိပ်အကဲကြည့်တတ်လွန်းတဲ့ရိပေါ်မှာ သူ့ကိုသေချာစူးစိုက်ကြည့်ရင်း တည်ငြိမ်စွာမေးလာတော့ တိုးတိုးလေးမေးလိုက်တဲ့သူ့စကားဟာ ရှောင်ကျန့်နားထဲကို လော်စပီကာနဲ့တပ်အော်ပြောလိုက်သလို ရင်ခုန်သံတွေလည်း တဒိန်းဒိန်းဖြင့် နိုးကြွလာခဲ့ရ၏။
အမြှီးပါတဲ့သူ ရိပ်မိဆိုသလို ရိပေါ်စကားကြောင့် ယုန်အမြှီးထွက်နေပြီဖြစ်သော ရှောင်ကျန့်မှာ မလုံမလဲနှင့် နှလုံးသားက yesဆိုပေမယ့် ခေါင်းက အခါခါရမ်းပစ်တုန်း။

" မဟုတ်ပါဘူး။ မချစ် "

သူထပ်မေးလည်း ငြင်းဦးမည်ဆိုတာ သိတဲ့ရိပေါ်ကတော့ ဒီတစ်ခါ သူ့ကို အလွတ်မပေးတော့ဘူးဆိုသည့်ဆုံးဖြတ်ချက်နှင့်အတူ သူ့ခါးလေးကိုသိမ်းဖက်ရင်း သူ့နှုတ်ခမ်းလေးကို မျက်လုံးစုံမှိတ်ကာ နမ်းရှိုက်ပစ်ခဲ့လေသည်။ ရှောင်ကျန့်မှာ သူ့အကြည့်တွေ. . သူ့ရဲ့နွေးထွေးမှုတွေကို လိုချင်တပ်မက်နေပြီဆိုပေမယ့် ရိပေါ်ကယောကျာ်းတစ်ယောက်ဆိုတဲ့အတွေးနှင့် ခဏခဏငြင်းထုတ်နေမိတာကြာပါပြီ။

Beijing Vampire(Complete)Where stories live. Discover now