Part-3

7.8K 1K 32
                                    

(Unicode) ရှောင်ကျန့်ကတော့ အားပျက်နေသောသူမကို ဂရုစိုက်ပြုစုပေးရင်း ဆေးတိုက်ကာ သူ့အလုပ်သိ့ု သူပြန်သွားခဲ့သည်။
ရှောင်ကျန့်က Familyဆိုတဲ့ ရိုးရာခေါက်ဆွဲဆိုင်လေးကို ဖွင့်ထားပြီး ယွမ်ဖေးဆိုတဲ့ တပည့်တစ်ယောက်ရှိသည်။
ဆိုင်အသေးလေးဆိုပေမယ့် လာစားသူပေါင်းမနည်း၍ ထိုကောင်လေးနှင့်မနိုင်တာမို့ ရှောင်ကျန့် ချက်ချင်းပဲ ဆိုင်ကို ပြန်သွားခဲ့ရခြင်းဖြစ်သည်။

စစ်ရန်ကျဲမှာတော့ ရှောင်ကျန့်ထွက်သွားပြီးကတည်းက အခန်းတံခါးကို လော့ချထားသည်။ ဘာလို့ဆို ထိုညာဘက်ထောင့်အခန်းက လူကို ကြောက်၍ ဖြစ်သည်။

ဟင်း~~ ဟင်း~~

ရှောင်ကျန့်က သူမ အားအင်ဖြစ်စေဖို့ ဆန်ပြုတ်နဲ့ ဆေးတိုက်သွားပေမယ့် သူမမှာ အားအင်ချိနဲ့နေဆဲ ဖြစ်သည်။ သူမမှာ vampireကူးစပ်ထားသည်က မကြာသေးတာမို့ ကိုယ်နဲ့အသားမကျသေးတာဖြစ်မည်။

** ငါ အဲ့ဒါတွေကို ဆာနေတာမဟုတ်ဘူး။ ငါ ဘာဖြစ်ချင်နေတာလဲ? ငါဆာနေတာကရော?? **

တစ်နေ့လုံး အခန်းထဲမှာ တောင့်တနေသောအရာကို မသိတတ်၍ ရင်ကပူလောင်နေမှုနဲ့အတူ လူးလိမ့်နေခဲ့ရသည်။ ကြမ်းပြင်ပေါ် လူးလိမ့်နေရင်းမှမကြာ သူမမျက်ဝန်းတွေဟာ အနီဘက်သို့ တဖြည်းဖြည်းပြောင်းသွားလေတော့ . . . 
ဟစ်~~~
သူမလိုချင်သည်က ဘာလဲဆိုတာ သူမသိသွားသည့်ပုံပင်။
               _______________

** အခန်းထဲက အပြင်ကိုတော့ ထွက်မလာသေးဘူးပဲ။ ဒီလို နေ့ခင်းတွေမှာ vampireတွေက အပြင်မှသိက်မထွက်ပဲ **

ဝမ်ရိပေါ်ကတော့ သူ့အခန်းမှာ သူနေရင်း စစ်ရန်ကျဲ၏အခန်းကိုပဲ ဒေါက်ထောက်ကြည့်နေခဲ့သည်။ ဒီလိုအချိန်တွေမှာ သူမထွက်လာလို့ မရမှန်းသိ၍ ခဏအခန်းထဲသို့ ပြန်ဝင်လိုက်သည်။ ထို့နောက် စားပွဲပေါ်မှာ တင်ထားသော အစိမ်းရောင် stateboardလေးနဲ့အတူ ပြုတ်ထွက်သွားသော အဖြူရောင်ဘီးလုံးလေးတစ်လုံးကို စူးစိုက်ကြည့်ရင်း ဝမ်းနည်းရိပ်များ ပေါ်ပေါက်လာခဲ့သည်။

* ကျွန်တော် တောင်းပန်ပါတယ် မမ။ ဒီပစ္စည်းလေးကို သေချာထိန်းမထားနိုင်ခဲ့ဘူး **

Beijing Vampire(Complete)Where stories live. Discover now