Part-39

3.1K 417 35
                                    

(Unicode)  နှင်းပြင်ကြားထဲ သွားလာနေကြသည့်လူများ၏ ခြေလှမ်းများကြားမှ အနွေးထည်ထူထူနှင့် သူ့ကိုမော့ကြည့်နေတဲ့လမ်းလျှောက်တတ်စ ထိုကလေးလေးကို သူတွေ့လိုက်ရသည်။

သေချာကြည့်ကြည့်လျှင် သူ့မျက်ဝန်းလေးတွေက နီကြောင်ကြောင်နှင့် ပြူးလည်စွာ ရှောင်ကျန့်ကို စိုက်ကြည့်နေ၍ သူ့ကိုခေါ်တာ ဟုတ်မဟုတ် ရှောင်ကျန့် ဘေးဘင်ကို လှည့်ကြည့်မိသေးသည်။ ပြီးမှ သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ ငါလားဟု မေးလိုက်မိသည်။

" အင်း။ ပါပါး "

ထိုကလေးလေးကလည်း ရှောင်ကျန့်ကို ချစ်စဖွယ်ကောင်းအောင်ပြုံးပြရင်း ခေါင်းငြိမ့်ပြနေတော့ ရှောင်ကျန့် ဘာမှနားမလည်တော့ပဲ ခြေလှမ်းများက သူ့ဆီသို့ အလိုလိုလျှောက်လာခဲ့၏။ သူလေးအနားရောက်မှ ရှောင်ကျန့်ငုတ်တုတ်ထိုင်ချလိုက်ပြီး သေချာစွာ ပြန်မေးလာခဲ့မိသည်။

" ဘာလို့ ငါ့ကို ပါပါးလို့ ခေါ်နေတာလဲ? "

" ပါပါးက သားကို စွန့်ပစ်အမှိုက်ပုံမှာ ပစ်ထားခဲ့တာဆို။သားက လူတစ်ယောက် မဟုတ်လို့ ပါပါးက စွန့်ပစ်ခဲ့တာလို့လည်း ပြောတယ်။ ဘာလို့လဲ? ပါပါးက သားကို ကြောက်လို့လား? အဟင့် အဟင့် "

သူမေးတော့ ကလေးလေးမှာ မျက်နှာငယ်လေးနှင့် ငိုယိုပြောရင်း မျက်လုံးတွေကို လက်ဖြင့် ဖိပွတ်နေတာမြင်ရတော့ ရှောင်ကျန့် သူ့လက်လေးကို ကိုင်ဆွဲပြီး မျက်ရည်တွေကို အသာအယာသုတ်ပေးလာခဲ့သည်။

" မကြောက်ပါဘူး ကလေးရဲ့။ ကလေးက ဒီလောက်ချစ်စရာကောင်းတာကို ဘယ်သူက လူ မဟုတ်ဘူးပြောတာလဲ? "

" သူက vampireလေ "

ရှောင်ကျန့်မှာ ကလေးလေးကို ချော့မြူရင်း သေချာဖြောင်းဖျပေးနေစဉ် သူ့အနောက်က လူကြီးတစ်ယောက်၏ တပ်အပ်ပြောလာတဲ့စကားကြောင့် ရှောင်ကျန့်အနောက်ကို လှည့်ကြည့်လိုက်မိသည်။ သူ့အနောက်ကလူကတော့ သားသတ်သမားဂျင်သာ ဖြစ်၏။

" ဆိုင်ရှင် ရေနွေးဗူး တစ်ဗူးပေးပါ "

ရှောင်ကျန့်ဘာဖြစ်နေတယ်ဆိုတာ မသိတဲ့ရိပေါ်ကတော့ ဘုံကျောင်းနှင့် မနီးမဝေးက ဆိုင်လေးတစ်ခုမှာ ရေနွေးဗူးဝယ်လို့ နေခဲ့သည်။ ထို့နောက် ငွေချေရင်း ဗူးကို ကိုင်ကာ တစ်ဖက်သို့ လှည့်လိုက်တော့ -

Beijing Vampire(Complete)Where stories live. Discover now